👑ဘုရင့်မူပိုင်👑
Segment 👑29👑 🔞🔞
"ကိုကြီး......"
အသံကြောင့်လှည့်ကြည့်လိုက်တော့
တော်ဝင်!!!
ဘုရင် ပီကေဝါးမပြတ်ပဲကြည့်နေတော့
တော်ဝင်က သံတိုင်တွေနားကိုပိုမို
တိုးလာရင်းမှ
"ကိုကြီးဘာလို့ဒီလိုလုပ်တာလဲ??....."
စိတ်တိုတာမဟုတ်ပဲတည်ငြိမ်နေတဲ့အသံနဲ့ပြောတဲ့ တော်ဝင်ကသူ့ဘက်ကမဟုတ်တာမို့
ဘုရင် ဘုဆတ်ဆတ်ကြည့်လိုက်ရင်းမှ
"ဘာကိုလဲ ဘာကိုလာပြောနေတာလဲ??..."
"ကိုမင်းသူကိုထိုးလိုက်တဲ့ကိစ္စကိုပြောနေတာ
အခုလိုလုပ်လိုက်တော့ရောအစ်ကို့အတွက်
ဘာကောင်းသွားမှာလဲ??......"
"ငါ့ဘာသာငါကောင်းကောင်း
မကောင်းကောင်း မင်းနဲ့ဘာဆိုင်လို့လဲ??
အငယ်ကအငယ်နေရာမှာပဲနေ....."
"မပြောချင်ပေမဲ့ ကိုကြီးနဲ့ကိုမင်းသူကြောင့်
မာမီစိတ်ဆင်းရဲနေတာ အခုဆို
သွေးတွေဆောင့်တိုးလို့ဆရာဝန်တောင်
ခေါ်ရသေးတယ်!!.....ကိုကြီးရဲ့မဆင်မခြင်
လုပ်ရပ်ကြောင့်ကျွန်တော်တို့မိသားစုရဲ့
သတင်းကအပြင်မှာပျံ့နေပြီ အခုလဲ
ကိုကြီးကသံတိုင်ထဲမှာရောက်နေတာ
ဘယ်လောက်တောင်ရှက်စရာကောင်းလိုက်လဲ??....."
ဘုရင် အံကိုတင်းတင်းကြိတ်ရင်းမှ
အရှေ့ကတော်ဝင့်ကိုပြန်ကြည့်ကာ
"မင်းအခုလာတာကဘာကိစ္စအတွက်လဲ
ငါမသိဘူးတော်ဝင် ငါ့ကိုအပြစ်တင်ဖို့
ဘာဖို့ဆိုရင်ငါပြောလိုက်မယ် ငါတို့အိမ်မှာ
မျှော့တစ်ကောင်လိုကပ်တွယ်နေတဲ့
မင်းသူဆိုတဲ့အကောင်ကိုပဲသွားပြီး
အရိပ်ခြေမပြတ်ကြည့်ထား သူကကောင်းတဲ့
ကောင်မဟုတ်တာ ငါ့ဘဝနဲ့ရင်းပြီး
အာမခံရဲတယ်.....အခုမင်းကိစ္စ
မရှိတော့ရင်ပြန်လိုက်တော့!!......"
ထိုအခါတော်ဝင်က သူ့ကိုစိတ်ပျက်စွာ
ကြည့်လာရင်းနဲ့မှ
"ကိုကြီးကအဲ့တာတွေစိတ်ပျက်ဖို့ကောင်းတာ
အမြဲတမ်း ကိုမင်းသူဆိုအကောင်းမမြင်ဘူး
သူကရောအစ်ကို့ကိုဘာတွေထိခိုက်အောင်
လုပ်ထားလို့လဲ?? ကျွန်တော်ကြည့်နေတာ
သူဒီအိမ်ပေါ်စရောက်လာထဲကအစ်ကို
တစ်ရက်မှအကောင်းမပြောသေးတာ....."
YOU ARE READING
👑ဘုရင့်မူပိုင်👑 {Complete}
Romanceကျန်တာတွေမလိုတဲ့ကိုယ့်ဘဝမှာ မင်းရှိရင်ရပြီ ကိုယ်ရဲ့မူပိုင်လေး💞💞
