👑👑34 Zg👑👑

1.2K 5 0
                                    

👑ဘုရင့်မူပိုင်👑

          Segment 👑34👑

“ကိုကိုကအဲ့ဒါကြောင့်စာကိုပဲအာရုံ
စိုက်ခဲ့တာပေါ့ သူပြောခဲ့တဲ့အကြောင်းကို
မေ့သွားအောင်လို့လေ.....”

“အင်း အဲ့တာလဲပါတယ် နောက်ပြီး
ကိုယ့်ကိုအရေးမပါတဲ့လူတစ်ယောက်
ဘာမှသုံးစားတဲ့လူတစ်ယောက်လို
သူတို့သဘောထားခဲ့လို့ ကိုကိုကအခုပြန်
ကြိုးစားပြီး သူတို့ထက်သာအောင်
လုပ်ပြချင်တာ....ကိုကိုအခုဘွဲ့လဲရပြီမို့
ရည်မှန်းချက်တစ်ဝက်လောက်ပြည့်သွားပြီလေ.....”

တကယ်ပဲပြည့်ဝသွားတဲ့ကိုကို့ရဲ့ဆန္ဒများ!!

“ဘုံ့ကိုဘာလို့အရင်ထဲကမပြောပြခဲ့တာလဲ ကိုကိုတစ်ယောက်ထဲကြိတ်ခံပြီး
စိတ်ဆင်းရဲအောင်နေခဲ့တာ ဘုံ့ကိုပိုပြီး
အပြစ်ရှိသလိုခံစားရစေတယ် ကိုကိုဘာလို့ဒီလိုလုပ်ခဲ့တာလဲ....”

“သည်းငယ်ကိုပါမခံစားရစေချင်လို့လေ
အခုမှသိတော့လဲသည်းငယ်အတွက်
နည်းနည်းတော့တော်သွားသေးတယ်မလား....."

မျက်နှာလေးကိုပွတ်သပ်လာတဲ့
ကိုကို့လက်တွေကိုဖယ်ချရင်းမှ

“ဒါပေမဲ့ ဘုံ့ကိုမပြောပဲထားတာက
ပိုပြီးခံရခက်တယ်ကိုကိုရဲ့ ဒီအတောတွင်း
ဘုံ့မှာအဲ့ကိစ္စနဲ့ပတ်သတ်ပြီး တော်တော်
သောကရောက်ခဲ့ရတာ ကိုကိုသိရဲ့လား??.…..”

“ကိုကိုတောင်းပန်ပါတယ်.....”

“မတောင်းပန်နဲ့ နောက်အဲ့လိုမလုပ်ဘူး
ဆိုတဲ့ကတိကိုသာ ဘုံ့ကိုပေး....”

“အင်း ပေးတယ် နောက်ဆိုသည်းငယ်ကို
မပြောပဲထိန်ချန်ထားတဲ့ကိစ္စမရှိအောင်
ကိုကိုကြိုးစားမှာပါ......ဘာလို့လဲဆို
ကိုကို့မှာမိသားစုဝင်ဆိုလို့ သည်းငယ်
တစ်ယောက်ပဲရှိတော့တာမို့လေ......”

ကိုယ်လုံးလေးကိုအနားကိုဆွဲလိုက်တာမို့
ဘုံအလိုက်သင့်လေးပါသွားတော့ ကိုကိုကဦးခေါင်းလေးကိုရင်ခွင်ထဲဆွဲကပ်ကာ
ဆံနွယ်တွေထဲခဏခဏနမ်းရှိုက်သည်။

“ကိုယ်ချစ်ရတဲ့မိန်းကလေးကို နောက်ဆို
ဘယ်တော့မှဉပေက္ခာမပြုထားတော့ဘူး...”

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now