👑👑32 Uni👑👑

4.6K 107 6
                                    

👑ဘုရင့်မူပိုင်👑

          Segment 👑32👑

အိမ်ထဲဝင်လာခဲ့တဲ့ဘုံ့နောက်ကို
ကိုကိုကပါလိုက်ဝင်လာရင်း ကိုယ်လုံးလေးကိုနောက်ကနေသိုင်းဖက်ကာ
လည်ဂုတ်ကြားမျက်နှာတိုးလာ၏။

ဘုံ မျက်ရည်လက်ကျန်တွေကိုပွတ်သုပ်ရင်းမှ ကိုကို့လက်တွေကိုပြန်လည်
ဆုပ်ကိုင်တော့ ကိုယ်လုံးလေးကို
နောက်က‌နေမရင်း ဆိုဖာမှာဝင်ထိုင်ကာ
ဘုံ့ကိုကလေးတစ်ယောက်လိုပွေ့ထားသည်။

ရင်ခွင်မှာမျက်နှာအပ်လာသည်မို့
ဘုံ ရင်ခုန်တာကိုဖြေဖျောက်ကာ
ကိုကို့ကိုခပ်ဖွဖွသိုင်းဖက်ထားပေးတော့
ကိုကိုက ပကတိငြိမ်သက်သွား၏။

“ကိုကို နေလို့မကောင်းဘူးလားဟင်??....”

ဘုံမေးလိုက်တော့ မျက်ဝန်းတွေ
မှိတ်ထားရက်နဲ့ လည်တိုင်ကိုမော့နမ်းတဲ့
ကိုကိုက ခေါင်းနဲ့တိုးဝှေ့ပွတ်သပ်ကာ

“သည်းငယ်နဲ့အကြာကြီးဝေးကွာခဲ့ရတော့
အခုလိုပြန်နီးကပ်ရတဲ့အချိန် ကိုကို့
အားတွေဘယ်ရောက်ကုန်မှန်းမသိဘူး
ဒီတိုင်းပဲသည်းငယ်နဲ့နီးနီးကပ်ကပ်နေပြီး
အားအင်တွေတိုးအောင်လုပ်ချင်နေတာ...”

ကိုကို့အဖြေကိုသဘောကျစွာ
ဘုံ ကိုကို့‌ဆံနွယ်ဖြူတွေထဲ နှာခေါင်းနှစ်ရင်း အားရပါးရနမ်းလိုက်မိသည်။

“အားပြည့်ရဲ့လားကိုကို!!!...”

“သိပ်မပြည့်သေးဘူး.....ဒီထက်
ပြည့်အောင်လုပ်လို့ရတဲ့နည်းလမ်း
မရှိတော့ဘူးလား??.....”

ဘုံ သဘောကျသလိုပြုံးနေတော့
ကိုကိုကမျက်ဝန်းတွေပွင့်လာကာ
ခါးလေးကိုဆွဲနှိမ့်ချရင်း နှုတ်ခမ်းကို
ခပ်ဖွဖွဖိကပ်နမ်းလိုက်၏။

မျက်တောင်လေးပုတ်ခတ်သွားတော့
သွားချွန်ချွန်တွေပေါ်တဲ့အထိ ပြုံးပြတဲ့
ကိုကိုက ဘုံ့ခေါင်းလေးကို
ထိန်းကိုင်ကာ ကိုယ်လုံးကိုကလေးလို
ပွေ့ရင်း ဆိုဖာပေါ်တင်လိုက်သည်။

အားရှိလွန်းတဲ့ကိုကိုကြောင့် ဘုံ
ဆိုဖာပေါ်ပက်လက်လေးဖြစ်သွားရတဲ့အခါ မျက်နှာလေးကိုတစ်ခုချင်း
လိုက်ကြည့်တဲ့ကိုကိုကနှုတ်ခမ်း
အရောက် အကြာကြီးစိုက်ကြည့်ရင်းမှ
ဘုံ့မျက်ဝန်းတွေထဲပြန်ကြည့်ကာ

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now