👑👑Spc 1 Uni👑👑

6.1K 169 5
                                    

👑ဘုရင့်မူပိုင်👑

         Special Part

ဘုရင့်အိမ်မှာပဲအားလုံးစုံကာ ပူဆွေး
သောကရောက်နေကြသည်။

ဘုရင်နဲ့ဘုံကတော့ အားလုံးစားဖို့
လက်ဖက်သုပ်ပြင်ဆင်ရင်း ချကာ
ဘုံနဲ့ခဏထားခဲ့၍
တော်ဝင့်ကိုခေါ်ရင်း သူတို့အပေါ်ကို
တက်ရင်းမှ ဝရံတာထွက်လာခဲ့၏။

“မင်းသူက မာမီ့ကိုလှေကားပေါ်က
တွန်းချတာ သူ့ပါးစပ်ကနေပြောတာလားတော်ဝင်......"

“ဟုတ်တယ် သူ့ပါးစပ်ကနေပြောခဲ့တာ
ကိုကြီး....."

သူ့ကိုကြည့်လိုက် မျက်ရည်ဝဲလာတာမို့
မျက်နှာလွှဲလိုက်နှင့် တော်ဝင်က
ငိုချင်တာကိုထိန်းချုပ်ထားနေသည်။

ဘုရင် လက်နှစ်ဖက်ကိုဝရံတာပေါ်
တင်ရင်းမှ သက်ပြင်းတစ်ချက်ကို
ခပ်လေးလေးချမိကာ

“ကိုကြီးအထင်ဒီကောင်ဒါတွေကို
အရင်ထဲကကြိုစီစဉ်ထားတာဖြစ်မယ်...
အဲ့တာကြောင့်ကိုကြီးကိုလဲအားလုံးနဲ့
ရန်တိုက်ပေးပြီးဒီအိမ်ပေါ်ကနေ
ထွက်သွားအောင်လုပ်ခဲ့တာပေါ့ နန်းက
သူ့ကိုချစ်မှန်းသိနေလို့လေ......"

တော်ဝင်အခုမှသေချာတွေးကြည့်တော့လဲ ဟုတ်နေသည်ပဲ!!!
သူအရင်ကသတိမထားမိခဲ့ပဲ ကိုကြီးကို
စခန်းမှာတောင်သွားပြီးရန်တွေ့ခဲ့မိတာ!!
သူတော်တော်ကိုရူးမိုက်ခဲ့သည်ပဲ!

“ဟုတ်တယ်မလား မင်းလဲအဲ့လိုပဲ
ခံစားမိတယ်မလား??....”

တော်ဝင်ခေါင်းညိမ့်တာကြောင့်
ဘုရင် လက်သီးဆုပ်ကိုနှဖူးမှာကပ်ရင်းမှ
ခပ်ဖွဖွထုကာ

“ကိုကြီးစဉ်းစားမိတာကကွာ
ဒီစိန်တွေကိုသူပဲအတုတင်ပြီး
အစစ်တွေသူချိုင်တာ‌ရောမဖြစ်နိုင်ဘူးလား?? ဒီကောင် ဒီအတောအတွင်း
ဒီလောက်ထိချမ်းသာလာစရာ
အကြောင်းကိုမရှိဘူး.....’

တော်ဝင်ကတော့ပူဆွေးနေတာမို့
သူပြောတာကိုခေါင်းသာညိမ့်ပြရင်း
တိတ်ဆိတ်နေ၏။
ဘုရင် အကြောင်းအရာတွေကို
ဆက်စပ်တွေးရင်းမှ တော်ဝင့်ပုခုံးကို
ခပ်ဖွဖွပုတ်ကာ

“‌မင်း ဒေါ်မှိုင်းသူကိုသိလား မှတ်မိလား
ဒို့စခန်းသွားတဲ့နေ့က သူပဲတိုင်ချက်ဖွင့်တာလေ......”

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now