👑ဘုရင့်မူပိုင်👑
Segment 👑11👑
ဘုံ ကြက်သီးထသလို သူ့အပြောကို
သိပ်သဘောမကျပါ.....။
ဟိုတစ်ခါ ကားမောင်းပြိုင်ဖို့ခေါ်သွားတုန်းကတောင်
9နာရီထိုးနေပြီ....။ဒါကိုအခု 6နာရီက
မှောင်နေပြီဆိုပဲ.....။
သို့ပေမဲ့လူကိုထူးဆန်းစွာကြည့်နေတဲ့သူ့ကြောင့်
ကားပေါ်ကခပ်မြန်မြန်ဆင်းရင်းမှထွက်ရပ်တော့
အစ်ကိုလေးက ဆင်းလာရင်းမှ အိမ်တံခါးကို
ဖွင့်လျက်...ဘုံ့ကိုပြန်ကြည့်ကာ
“ဝင်လေ.....”
“ဟို အစ်ကိုလေးအရင်ဝင်ပါ
အစ်ကိုလေးရဲ့အိမ်မဟုတ်ဘူးလား...."
“ဒါပေမဲ့မင်းကိုအရင်ဝင်စေချင်တယ်....မြန်မြန်ဝင်...”
ထပ်ပြီးလဲအထွန့်မတက်ရဲတာကြောင့်
ဘုံ ဝင်လာရင်းမှ သူ့ကိုလဲ
မရဲတရဲကြည့်မိရပြန်သည်။
“သွားထိုင်လေ.....”
သူကတံခါးကိုပြန်ပြီးသော့ခတ်ကာ သော့တွေကို
သူ့အိတ်ကပ်ထဲယူထည့်လိုက်၏။
အစောကမြင်လိုက်ရတဲ့ခြံစောင့်အဖိုးကြီးကိုလဲ
အခုမတွေ့ရတော့....ဘယ်ရောက်သွားတာပါလိမ့်??
“ဟို ဘာလို့သော့ခတ်တာလဲဟင်.....”
“အဲ့တာဆိုဒီတိုင်းပဲသူခိုးဝင်ဆွဲအောင်
ဟောလောဖွင့်ထားရမှာလား???.....”
“ဒါပေမဲ့အစောကခြံစောင့်တွေ့လိုက်တယ်လေ
သူကြည့်ထားမှာပေါ့.....”
“ပြန်သွားပြီ.....”
“ဟင် ဘယ်ကိုလဲ.....”
မေးတော့အစ်ကိုလေးက အိတ်ကပ်ထဲကို
လက်ထည့်ရင်းမှ ဆိုဖာခုံဆီခပ်မတ်မတ်
လျှောက်သွားကာ စတိုင်ကျကျ
ဝင်ထိုင်လိုက်လေသည်။
“ဘုံမေးနေတယ်လေ....."
“ကိုယ်ပြန်ခိုင်းလိုက်တာ....လိုမှမလိုပဲ...
ကိုယ်တို့ဒီမှာညအိပ်မဲ့ဉစ္စာ.....”
သူ့အပြောလဲဟုတ်နေတာမို့ ဘုံ အလိုလိုနေရင်း
လန့်နေတာကိုဖျောက်ကာ ဆိုဖာမှာ
ခပ်ဖြေးဖြေးဝင်ထိုင်လိုက်လေ၏။
လောလောဆယ်ခံစားနေရတာက
ဗိုက်ဆာတယ်.....ကြောက်တယ်....။
YOU ARE READING
👑ဘုရင့်မူပိုင်👑 {Complete}
Lãng mạnကျန်တာတွေမလိုတဲ့ကိုယ့်ဘဝမှာ မင်းရှိရင်ရပြီ ကိုယ်ရဲ့မူပိုင်လေး💞💞
