👑ဘုရင့်မူပိုင်👑
Segment 👑21👑
“ကိုကို....."
စိတ်ရှုပ်မဆိုးလို့အပေါ်ထပ်တောင်မတပ်ပဲ
ဘုံ အောက်မှာချက်ပြုတ်ပြင်ဆင်ရင်း
အောက်က အခန်းပိုထဲဝင်ကာ ခဏတဖြုတ်လှဲပြီး
အညောင်းဖြေမိသည်။ဖုန်းခဏကြည့်ရင်းမှပျင်းလာသလို
ဗိုက်လဲဆာလာတာမို့ ဘုံ အပေါ်တက်ရင်း
ကိုကို့ကိုခေါ်ကြည့်တော့မတွေ့ရပေ...။
ဘယ်မှာရှိမလဲတွေးရင်းမှ ဝရံတာဘက်မှာရှိမယ်လို့
စိတ်ထဲထင့်မိတာမို့ ထွက်လာရင်းကြည့်တော့
ထင်တဲ့အတိုင်းကိုကိုက လေတွေကိုမျက်စိမှိတ်
ခံယူရင်းမှ လောကကြီးကိုခဏမေ့ထားပုံရ၏။တဖြူးဖြူးတိုက်နေတဲ့လေအေးတွေကြောင့်
လွင့်ခါနေတဲ့အဖြူရောင်ဆံသားတွေကို
သဘောကျမိရင်း ဘေးတိုက်အချိုးကျတဲ့မျက်နှာထားကို ဘုံအသံမထွက်ပဲ
တိတ်တိတ်လေး ငေးကြည့်နေမိသည်။“ကြည့်ရတာအဆင်ပြေလား....."
ပြောပြီးမျက်ဝန်းတွေဖွင့်လာတာမို့
ဘုံလန့်သွားတော့ ကိုကိုကပြုံးရင်းမှ
ခါးသိမ်လေးကိုဆွဲဖက်လိုက်ကာဝရံတာမှာ
ကပ်လိုက်လေ၏။“ဘာလိုခိုးကြည့်တာလဲ...."
“ခိုမကြည့်ပါဘူး...."
“အခုပဲကြည့်ပြီးတော့...."
“မကြည့်ပါဘူးဆို...."
မချိုမချဉ်ပြောလာတဲ့ကိုကို့ကြောင့်
ဘုံ့မှာအရှက်ပိုရသည်။
ရုန်းထွက်ပေမဲ့တိုးဖက်တဲ့ကိုကို့ကြောင့်
ဘုံ့မှာ နေရပိုကျပ်သွားရ၏။“ကိုကိုစိတ်ညစ်စရာရှိလို့လားဟင်
အစောကဘုံပြောတဲ့ထဲအမှားပါသွားလား....."အခြေအနေကိုခဏမေ့ထားပြီး
စိတ်ထဲစိုးရိမ်နေတာကိုသာမေးလိုက်တော့
ကိုကိုက လွင့်နေတဲ့ဘုံ့ဆံသားလေးတွေကို
လက်တစ်ဖက်နဲ့သပ်တင်ပေးရင်းမှ“ဒီလိုပါပဲ ကိုယ့်ဘဝရဲ့စိတ်ပျက်စရာအကောင်းဆုံး
အခြေအနေတွေကိုပြန်တွေးမိရုံပါ
တစ်ခြားတော့ထွေထွေထူးထူးမရှိဘူး...."“ဘုံ့ကြောင့်ပြန်တွေးမိတာမလား?...”
“ဒယ်ဒီ့အကြောင်းကလွဲရင်....”
YOU ARE READING
👑ဘုရင့်မူပိုင်👑 {Complete}
Romanceကျန်တာတွေမလိုတဲ့ကိုယ့်ဘဝမှာ မင်းရှိရင်ရပြီ ကိုယ်ရဲ့မူပိုင်လေး💞💞