👑ဘုရင့်မူပိုင်👑
Segment 👑37👑
သူ့အမေကဒေါ်နန်းမဟာလို့ပဲ
အများကသိထားတာမို့ ကိစ္စတွေကို
မရှုပ်ထွေးစေချင်ကာ ဘုရင်ဘယ်သူ့ကိုမှ
အသုဘပို့မဖိတ်ရန်သာစဉ်းစားမိသည်။
ရင်တွေလဲကွဲကြေရသလို ဘယ်ကနေ
ဘယ်လိုစကားစရမှန်းမသိတာမို့
သူ့သည်းငယ်ကိုစကားမပြောဖြစ်တာ
သုံးရက်လောက်ရှိပြီ.....။
သူမကအလိုက်သိလွန်းစွာဘာတစ်ခွန်းမှ
ဝင်မဟတာမို့ ဘုရင်လဲဒီတိုင်းလေးပဲ
နေရင်း နောက်ဆုံးအသုဘချမဲ့နေ့ကို
ရောက်လာခဲ့ရ၏။
မွန်းကျပ်ပိတ်လှောင်နေသောစိတ်အစဉ်ကရင်ထဲမှာအရှိန်ပြင်းပြင်းနေရာယူထားတာမို့ ခြေလှမ်းတွေမမှားအောင်
ဂရုစိုက်ရင်းလျှောက်လာခဲ့သည်။
ထမ်းစင်သယ်တဲ့လူတွေရယ် သူနဲ့သည်းငယ်ရယ် သူမအမေရယ် အန်တီရယ်....
လူကတော့ဒါပါပဲ!! ဘယ်သူမှမပါလေ
ပိုကောင်းလေမို့ ဘုရင် ထိုတိုင်းပဲ
ကြည့်နေတဲ့အခါ အမေ့ကိုမီးသဂြိုလ်ရင်း
အရိုးပြာလာပေးလေ၏။
မြေပဲမြှုပ်ချင်ပေမဲ့ အမေ့နဲ့ပတ်သတ်တဲ့
နောက်ဆုံးအရာကိုသူ့လက်ထဲသိမ်းထားချင်တာမို့ ဘုရင် စိတ်ဆုံးဖြတ်ကာ
မီးပဲသဂြိုလ်လိုက်သည်။
မျက်ရည်တွေကထွက်မလာနိုင်တော့တဲ့အထိ သူ့ရင်ထဲတင်းကျပ်ကျပ်ခံစားရရင်း
အရိုးပြာအိုးကိုင်ကာ အပင်ရိပ်အောက်
ပြစ်စလတ်ခတ်ဝင်ထိုင်လိုက်တော့ သူမကအနားကိုရောက်လာကာ သူ့ကို
မျက်နှာလေးငဲ့ကြည့်လာ၍
“ကိုကို အဆင်ပြေရဲ့လားဟင်.....”
“မပြေဘူးလို့ပြောရင် သည်းငယ်ပါ
စိတ်ဆင်းရဲမှာပေါ့!!....."
အမြဲတမ်းတွေးပေးတတ်တဲ့ကိုကိုက
ဘုံ့အတွက်တော့တန်ဖိုးဖြတ်လို့မရတဲ့
ခင်ပွန်းကောင်းတစ်ယောက်ပါပဲ!!!
မျက်ရည်လေးတွေဝေ့ရင်းမှ ကိုကို့
လက်မောင်းလေးကိုဖွဖွပွတ်ကာ
အားပေးတော့ ဘုံ့ကိုငဲ့ကြည့်ရင်း
အရှေ့ပြန်လှည့်သွားသည်။
နှစ်ယောက်သားထိုင်နေတုန်း ကားတစ်စီး
သုသာန်ထဲဝင်လာလေ၏။
ဘယ်သူ့ကားမှန်းသိတာမို့ ဘုံအထိတ်တလန့်လေးဖြစ်သွားတော့
ကိုကိုကထိုတိုင်းပဲစိုက်ကြည့်ကာ
နေရာမှာမလှုပ်မယှက်!!
YOU ARE READING
👑ဘုရင့်မူပိုင်👑 {Complete}
Romanceကျန်တာတွေမလိုတဲ့ကိုယ့်ဘဝမှာ မင်းရှိရင်ရပြီ ကိုယ်ရဲ့မူပိုင်လေး💞💞
