👑👑5 Uni👑👑

3.7K 59 2
                                    

👑ဘုရင့်မူပိုင်👑

                Segment 👑5👑

ဘုရင် အဝတ်လဲပြီးအောက်ဆင်းခဲ့တဲ့အချိန်
ထမင်းဝိုင်းပြင်ဖို့အလုပ်ရှုပ်နေတဲ့သူမကို
တွေ့လိုက်ရ၏။

“မာမီတို့မလာသေးဘူးလား...."

မေးခွန်းရဲ့အဖြေကိုသိပေမဲ့လဲ
လှုပ်လှုပ်လှုပ်လှုပ် အလုပ်ရှုပ်နေတဲ့သူမက
သူထမင်းစားခန်းထဲဝင်လာတာတောင်
သတိမထားမိတာကြောင့် တမင်မေးလိုက်ခြင်းဖြစ်သည်။

ဆံပင်ရှည်တွေဝေ့ခနဲနေအောင်
လှည့်လာရင်းမှရင်အေးအောင်ပြုံးပြကာ

“ကြီးမေသွားခေါ်နေပါတယ် အစ်ကိုလေး
ဆာရင်ဝင်ထိုင်တော့လေ ဘုံပြင်ပေးမယ်.....”

“အင်း...."

သူမပြင်ပေးမယ်ဆိုတာကြောင့်
ခပ်မြန်မြန်ပင်ဝင်ထိုင်လိုက်၏။
စုစည်းထားတဲ့ဆံပင်ရှည်တွေပျော့နွဲ့ကာ
တယိမ်းယိမ်းနွဲ့နေပုံက သူ့ရင်ကို
အမျိုးအမည်မသိသောခံစားချက်ဖြစ်ပေါ်စေသည်။

ပုံမှန်ဆိုဒီလိုအလှမျိုးကိုခဏတာသာ
ငေးကြည့်ဖူးခဲ့ပေမဲ့ အခုတော့အိန္ဒြေပျက်စွာ
ခုံပေါ်လက်တင်ရင်းမှသူမကိုတစိုက်မတ်မတ်ငေးကြည့်မိ၏။
အလုပ်ရှုပ်နေတဲ့သူမကတော့ ပေါင်မုန့်ကို
လောလောလတ်လတ်ကင်ပေးရင်းမှ ယိုသုတ်နေသည်။
ကော်ဖီကိုခွက်ထဲထည့်ရင်းမှ ပြီးစီးချိန်
လင်ပန်းလေးနဲ့သူ့နားရောက်လာ၏။

“အို့.....”

“ဘုံ သတိထား......”

ခြေထောက်အနည်းငယ်ယိုင်သွားတဲ့
သူမကြောင့်သတိမထားမိခင်
အလျင်အမြန်ပြေးထကာ
ဆွဲမိဆွဲရာ‌ဆွဲလိုက်မိတော့
ခါးသိမ်သိမ်လေးကသူ့လက်ထဲပါလာသည်။
အခြေအနေမပြင်းထန်ဝာာကြောင့် ဘောင်ဘင်ခတ်သွားတဲ့ကော်ဖီစက်တွေက လင်ဗန်းပေါ်ဖိတ်စင်ကျကုန်၏။

“ဟို ရ ရပါတယ်.....”

လဲကျမလိုကနည်းနည်း လူကိုပူးကပ်စွာ
ဖက်ထိန်းလိုက်တဲ့သူ့ကြောင့်လက်တုန်ကာ
ဒူးပင်ခွေကျချင်နေသည်။
ဗန်းကိုသေချာကိုင်ရင်းမှ ကော်ဖီခွက်နဲ့
ပေါင်မုန့်ယိုသုတ်ပန်းကန်ကိုစားပွဲပေါ်ချကာ
ပြန်ထွက်မယ်လုပ်တော့
လက်မောင်းကိုပြန်ဆွဲခြင်းခံလိုက်ရ၏။

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now