👑🔞33 Zg🔞👑

2.2K 8 0
                                    

👑ဘုရင့်မူပိုင်👑

          Segment 👑33👑 🔞🔞

တစ်လမ်းလုံးတိတ်ဆိတ်လာတဲ့
ကိုကို့မျက်ဝန်းထဲ မျက်ရည်တစ်ချို့
ခပ်ရေးရေးလေးနေရာယူနေရှာသည်။

ဘုံကိုယ်တိုင်လဲကိုကို့ကိုသနားလွန်းလို့
ဝဲတက်လာတဲ့မျက်ရည်တွေကို
ကိုကိုမမြင်လေအောင်ပွတ်သုပ်ရင်း
ကားမှန်ဘက်ကိုသာမျက်နှာမူထားလိုက်၏။

အိမ်ကိုပြန်ရောက်လာတဲ့အချိန်
ငြိမ်သက်နေတဲ့ကိုကိုက ကားကိုသာ
စိုက်ကြည့်နေတာမို့ ဘုံ တိတ်ဆိတ်စွာ
ဆင်းသွားရင်းမှ ကိုကို့ဘက်ကတံခါးကို
သွားဖွင့်ပေးတော့ ဘာမှမဖြစ်သလိုပုံနဲ့
ကိုကိုကပြုံးပြသည်။

အို ကိုကိုနာကျင်နေတာပဲ!!!
အမှတ်မထင်မြင်လိုက်ရတဲ့မျက်ရည်တစ်ချို့က ဘုံ့ရင်ကိုထုနှက်နေ၏။
ဘာမှမဖြစ်သည့်နှယ်ပြုံးပြနေတဲ့
ကိုကိုကတော့ ဘုံ့ပုခုံးလေးကိုကိုင်ရင်း
အိမ်ထဲကိုခပ်ဖြေးဖြေးလှမ်းဝင်လာခဲ့သည်။

“ကိုကို!!....."

ပကတိအတိုင်းလှည့်ကြည့်လာ၏။
ကြည့်ရတာ ကိုကိုစိတ်ပြင်ဆင်ပြီးပြီနဲ့
တူပါရဲ့!!!

ဆက်ပြောရန်စကားကမထွက်တော့တာမို့
ခေါင်းယမ်းပြလိုက်တော့ ကိုကိုက
အိမ်ထဲကိုသာဝင်လာခဲ့သည်။

ဘုံလဲလိုက်ဝင်လာရင်းမှ ဆိုဖာမှာထိုင်တော့ ကိုကိုကဖျော်ရည်ဘူးယူလာရင်းမှ
ဘုံ့ဘေးချပေးကာ

“သည်းငယ်လန့်သွားမှာပဲ သောက်လိုက်ဦး...."

ဘာမှမဖြစ်သလိုကိုကို့ပုံစံက
တကယ်အစစ်အမှန်လား?? မဟုတ်ရင်
ဟန်ဆောင်နေတာလား??

“ကိုကိုဘာမှမခံစားရဖူးလားဟင်??...."

ဘုံမေးလိုက်တော့အအေးကိုမော့သောက်ရင်း ကိုကိုကပုခုံးတွန့်ပြကာ

“ဘာကိုပြောဝာာလဲ ကိုကိုကဘာကို
ခံစားရမှာလဲ??....."

အဓိကမေးခွန်းကနေရှောင်ပြေးနေပုံထောက်ရင် ကိုကိုဒီပြသနာကို
ရင်မဆိုင်ချင်မှန်းသိတာမို့ ဘုံ
မျက်ရည်ဝဲဝဲနဲ့သာ ကိုကို့လက်မောင်းကို
ပါးလေးအပ်ရင်း

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now