👑👑3 Uni👑👑

3.7K 58 1
                                    

👑ဘုရင့်မူပိုင်👑

                Segment 👑3👑

“အင်း ခုထိ အိမ်မှာပဲ.....”

“........”

“ခုပဲထွက်လာတော့မှာ wait a minute.....”

သူဖုန်းချရင်းတစ်ကိုယ်လုံးဝင်ဆံ့တဲ့အထိ
ရှည်လျားတဲ့မှန်ကြီးရှေ့ခြေစုံရပ်ကာ
တွဲဖက်ထားတဲ့အင်္ကျီနဲ့ဘောင်းဘီကို
သဘောကျသလို အထပ်ထပ်ကြည့်မိ၏။
သူမမှာဖက်ရှင်အမြင်လေးတော့ရှိသား!!!

သူ,မကြိုက်တဲ့အင်္ကျီကိုတောင်
စတိုင်ကျအောင်ထုပ်ပေးသွားတာကြောင့် နည်းနည်းတော့အထင်ကြီးမိသည်။
အနည်းငယ်ပွယောင်းယောင်းဖြစ်နေတဲ့
ဆံကေသာကိုလက်ဖဝါးနဲ့တစ်ချက်သပ်ရင်း ရေမွှေးကိုကောက်စွတ်လိုက်၏။
အခုမှနှာခေါင်းထဲမှာ
ပုဇွန်ခြောက်နံ့ပျောက်ကာ
မွှေးမွှေးလေးဖြစ်သွားသည်။

ကုတင်‌ဘေးက ကားသော့ယူရင်း black card
ကိုလဲ ပိုက်ဆံအိတ်ပြားထဲထည့်ယူကာ
သူအောက်ကိုဆင်းလာခဲ့၏။

အိမ်ရှေ့ဆိုဖာမှာထိုင်ကာပုတီးစိပ်နေတဲ့
မာမီကသူ့ကိုစူးစူးစိုက်စိုက်ကြည့်လာတာမို့
စကားလှံတွေနဲ့ထိုးနှက်တော့မယ်ဆိုတာသိလိုက်ပြီ...။သူ့ဘက်ကလဲ ဒိုင်းနဲ့ကာဖို့အသင့်ပဲမို့

“အပြင်ကမနားဘူးနော်.....”

“အင်း ရက်ချိန်းကနေ့တိုင်းမို့လို့....”

အမေကတစ်ခွန်းရွဲ့ရင် သားကနှစ်ခွန်း
ပြန်ရွဲ့ရမှ ကျေနပ်တဲ့ဘုရင်‌ဆိုသောလူကို
သူမကြည်ကြည်ဖြူဖြူအနားမှာ ထားခဲ့တာပဲ ဒီလောက်တော့ရှိမှာပေါ့....။

အိမ်ထဲကထွက်သွားတဲ့
အနက်ရောင်ပြိုင်ကားလေး
မျက်စိရှေ့ကပျောက်သွားကာမှ
သူမမှာရင်ထဲမောပန်းသွားသည်။
စိန်တွေ ကျောက်တွေ
အရောင်းအဝယ်လုပ်တဲ့
အစ်မဖြစ်သူခြေရာမနင်းသလို
ယောက်ဖကိုလဲ
ကြုံရင်ကြုံသလိုဖဲ့တဲ့ဘုရင်.....ညီ‌ငယ်လေး
စာကြိုးစားတာကိုအားကျပြီး.....
တက္ကသိုလ်ပြန်တက်မလားအောင့်မေ့တယ်... ဝေလာဝေးတဲ့...

ဒီလိုအဖက်ဖက်က ကြိုးလွတ်နေတဲ့
ဘုရင့်ကိုသူမဘယ်လိုထိန်းကျောင်းရပါ့မလဲ??
ငယ်ငယ်ထဲကညဉ်ဆိုးလေးရှိတာသိပေမဲ့
အခုလိုထင်ရာဆိုင်းနေမယ်ဆိုတာ
တွေးတောင်မတွေးမိတဲ့ကိစ္စတွေပါ....
ဒါဆိုဘယ်သူ့အမှားလဲ
လွတ်လပ်စွာနေဖို့ရွေးချယ်တဲ့
ဘုရင့်အမှားလား သူ့ကိုမှသိပ်ပြီး
မပြောမဆိုမိခဲ့တဲ့သူမအမှားလား???
ဒီလိုဆိုရင်တောင် ကျန်တဲ့နှစ်ယောက်က
သူ့လိုဆိုးမှမဆိုးပဲ!!!

👑ဘုရင့်မူပိုင်👑 {Complete}Where stories live. Discover now