01

1.8K 124 7
                                    


ကိုယ့်ခန္ဓာ၊စိတ်ဝိဉာဉ်၊နှလုံးသားအထိ အကုန်လုံး မင်းအပိုင်ပါပဲ ရှင်းမ်။ ဒါကြောင့်မလို့ မင်းရဲ့အကြည့်လေးတစ်ချက်ပဲ ကိုယ့်ကိုပေးပါ .. ကိုယ်က အကုန်ဖြည့်ဆည်းပေးပါ့မယ်။

❒❒❒

" အီဟီဆွန်း "

" Yes bae "

ခေါ်သံဟာ ပြတ်သားပြီး မာထန်ပေမယ့် ထူးသံကတော့ နူးညံ့ငြင်သာလွန်း၏။သို့ပေမယ့် တစ်စုံတစ်ယောက် အပေါ်မှာပဲ ငြင်သာတာမျိုး ဖြစ်ပါလိမ့်မည်။ဘာကြောင့်လဲဆို အီဟီဆွန်းဆိုတဲ့လူရဲ့ဘဝမှာ နူးညံ့တယ်ဆိုတာမျိုး မရှိခဲ့ဖူးပေ။

" Necktie ? "

ဟီဆွန်း အတည်ပြုသလိုရေရွတ်လိုက်ပေမယ့် လက်ကတော့ မျက်စိရှေ့မှ နက်ခ်တိုင်များထားရာ အံဆွဲကို ဆွဲ၍ ဖွင့်ပြီးနေပြီပင်။ဂျယ်ယွန်းနှင့် လိုက်ဖက်မည့် နက်စွေးနေသည့် နက်ခ်တိုင်ကို ထုတ်ယူလို့ ဟီဆွန်းကို ကျောပေးရပ်နေသူထံ ဦးတည်လိုက်သည်။

မှန်ရှေ့မှာ ရှိနေတဲ့ နတ်ဘုရားသည် အီဟီဆွန်း၏ အသည်းနှလုံးပင်ဖြစ်လေသည်။မှန်နှင့် ဂျယ်ယွန်းကြား နေရာဝင်ယူရင်း နက်ခ်တိုင် မဝတ်ပေးမီ ဟီဆွန်းကို ကြည့်လို့နေတဲ့ မျက်ဝန်းတွေကို ရင်ဆိုင်လိုက်သည်။မျက်ကပ်မှန်တပ်ထားတဲ့ မျက်ဝန်းအစုံ .. ပင်ကိုယ် မျက်ဝန်းညိုညိုတွေကို မမီဘူးဆိုပေမယ့် ရှင်းမ်ဂျယ်ယွန်းဖြစ်နေလို့ ဟီဆွန်းက ရူးလောက်အောင် သဘောကျသည်။

ဟီဆွန်း ဒီလို နီးကပ်နေတဲ့အခြေအနေကို သဘောကျလွန်းလို့ ခပ်တိုးတိုးတစ်ချက်ရယ်လိုက်ပြီး လက်တွေက နက်ခ်တိုင် ချည်နှောင်ခြင်းကို စတင်လိုက်သည်။နက်ခ်တိုင် စီးလို့မပြီးခင်မှာဘဲ ဟီဆွန်း၏ နှုတ်ခမ်းတွေပေါ် ထိကပ်လာတဲ့ နှုတ်ခမ်းထူထူ။နူးညံ့အိစက်လွန်းတယ်။တစ်ချက်သာထိပြီး ပြန်ခွါသွားလေသည်။မတင်းတိမ်နိုင်ပေမယ့်လည်း ဟီဆွန်းမှာ ဆင်ခြေတက်ခွင့်မရှိပါ။

" တခြားသူရှေ့မှာ မရယ်နဲ့ "

ဂျယ်ယွန်း၏အမိန့်တိုင်းဟာ သူ့အတွက် တစ်သက်လုံးမချိုးဖျက်မယ့်ကတိတွေလိုပဲ။ဟီဆွန်း ခေါင်းအသာညိတ်လိုက်သည်။

심 Where stories live. Discover now