" ဘယ်လိုလဲ တော်လား "ဂျယ်ယွန်း အီတလီကနေ လက်ဆောင်ဝယ်လာသည့် အင်္ကျီကို ဟီဆွန်းအား အခုမှ ပေးဖို့သတိရသည်မို့ ဂျယ်ယွန်း ပေးပြီး တစ်ခါတည်း ဝတ်ကြည့်ခိုင်းလိုက်တာပင်။အဝတ်လဲခန်းထဲမှ ပြန်ထွက်လာသည့် ဟီဆွန်းက ကျေနပ်အပြုံးကြီးဖြင့် ဆိုဖာမှာ ထိုင်နေသည့် ဂျယ်ယွန်းအနား တိုးကပ်လာသည်။
" အင်း .. ကွက်တိပဲ ကိုယ့် size ကို သိတယ်ပေါ့ ? "
" သိတယ်ရယ်လည်း မဟုတ်ပါဘူး .. ဆောနူနဲ့ ဂျောင်ဝန်းထက် ကြီးတာဝယ်လာတာ "
ထိုအဖြေကို ကြားတော့ ဟီဆွန်းက နှာခေါင်းရှုံ့သည်။ထို့နောက် လက်မခံချင်သလိုဖြင့် ငြင်းလာတော့သည်။
" မသိဘူး ကိုယ့် size သိတယ်ပဲ မှတ်လိုက်ပြီ .. ရှေ့လျှောက် ကိုယ့်ကို အဝတ်အစားဝယ်ပေးဖို့ တာဝန်က ရှင်းမ်တာဝန်ပဲ "
" ခင်ဗျား ကြိုက်တာ ခင်ဗျားဝယ်လေ "
" မရဘူး .. ဘေဘီ ဝယ်ပေးတာပဲ ဝတ်မှာ "
ဂျယ်ယွန်းဘေး အတင်းတိုးကပ်ဝင်ထိုင်ပြီး ပြောလာ၍ ဂျယ်ယွန်းရယ်လိုက်မိသည်။ချစ်မျက်စိနဲ့ကြည့်တော့လည်း .. ဒီအရပ်၆ပေနှင့် ကောက်ချိတ်လေးက တကယ် ချစ်စရာလေးပါပင်။ပတ်ခ်ဂျေး သင်ပေးတာတွေလည်း အလကားမဖြစ်ပေ။
" ဟုတ်ပါပြီ ဝယ်ပေးပါ့မယ် "" လိမ္မာတယ် "
ပါးပြင်ထက် အနမ်းတစ်ပွင့်က ခပ်မြန်မြန်ပဲ ရောက်လာပြီး ဟီဆွန်းက အင်္ကျီပြန်လဲဖို့ အနားမှ ထသွားလေသည်။ဂျယ်ယွန်းလည်း ထိုအခါမှ laptopဖြင့် အချိန်ဇယားစီစစ်နေသည်ကို အာရုံပြန်စိုက်ရသည်။မသွားရသေးသည့် ဟန်နီးမွန်းခရီးစဉ်ကို နောက်လထဲ သွားဖို့အကောင်အထည်ဖော်လိုက်သည်မို့ အလုပ်ကိစ္စတွေ ကြိုရွှေ့ထားဖို့ လိုလေသည်။အလုပ်လုပ်နေရင်းမှ ရုတ်တရက် ဂျယ်ယွန်းခေါင်းထဲ တိုးဝင်လာသည့် စကားလုံး။
အချစ်ဦးတဲ့ ..။ဂျယ်ယွန်း မနေ့က စတူဒီယိုအရောက်မှာ ဝန်ထမ်း ကောင်မလေးတွေ အသည်းအသန်အချစ်အကြောင်းဆွေးနွေးနေ၍ မရည်ရွယ်ဘဲ နားထောင်မိသွားရသည်။နည်းနည်းပဲ နားထောင်ခဲ့သည့်တိုင် စကားတစ်ခွန်းကတော့ ဂျယ်ယွန်းနားထဲ စွဲနေလေသည်။
ESTÁS LEYENDO
심
FanficSomeone call the doctor 난 그가 필요해 하루도 난 버틸 수 없어 벗어나고 싶지 않은 천국 같은 너 긴긴 이 덫은 아름다워 Overdose - EXO -