24

1K 103 50
                                    


" ဟျောင်း စိတ်ပျော်စရာရှိလို့လား .. ဒီနေ့ပြုံးနေသလိုပဲ "

ဆောနူက ရေခဲမုန့်ကို ပြုံးကာ စားနေရင်း မေးလာတော့ ဂျယ်ယွန်းအသံထွက်ကာ ရယ်လိုက်မိပါသလို နီရှီမူရာကလည်း မျက်လုံးလေးလှန်လို့ အထူးတဆန်းကြည့်လာသည်။

" ဟုတ်လား .. ပုံမှန်ပါပဲ "

" ပုံမှန်ပါပဲဆိုတာကို မျက်နှာကြီး ပြုံးပြီးပြောနေတာ သိပ်မဟုတ်သလိုပဲ "

နီရှီမူရာက ဝင်ပြောလာတော့ ဂျယ်ယွန်း မျက်စောင်းလေးဝင့်လိုက်သည်။သူ့ကို ဒီကလေးနှစ်ယောက် အနားခေါ်ပြီး အနိုင်ကျင့်နေတာမဟုတ်ဘူးလား။

" ငါ့ကိုစနေတာတော်တော့ .. ဘာလို့ ချိန်းတာလဲ "

" ကျွန်တော်တို့ လက်ထပ်တော့မလို့ "

နီရှီမူရာက ဆင်တူလက်စွပ်ရှိနေတဲ့ ဆောနူ၏လက်ကို ဂျယ်ယွန်းမြင်အောင် မြှောက်ပြလို့ ပြောလာခဲ့သည်။ဂျယ်ယွန်း အံ့ဩသွားကာ ဘာပြောရမှန်းမသိဖြစ်နေခဲ့ပြီးမှ ရယ်ချလိုက်မိသည်။

" မင်းတို့ တကယ် .. ဘယ်တော့လဲ ဘယ်တုန်းက လက်ထပ်ခွင့်တောင်းလိုက်တာလဲ ငါလည်း ဘာမှမသိရပါလား "

" အဲ့ကလေးလေ မပြောမဆိုနဲ့ လက်ထပ်ကြရအောင်ဆိုလို့ ပြင်ဆင်နေတာ ၁လလောက်ပဲရှိသေးတယ် .. မင်္ဂလာဆောင်က ၃လလောက်ကြာဦးမှာပါ အဲ့တာ ဟျောင်းကို မေးစရာလေးတွေရှိလို့ "

ဆောနူက ကုန်သွားပြီဖြစ်တဲ့ ရေခဲမုန့်ပန်းကန်လေးကို ဘေးတိုးလို့ အခြေအနေများကိုရှင်းပြလျှက် အလေးအနက်ပုံစံဖြင့် မေးလာလေသည်။

" ပွဲပြင်ဆင်တာနဲ့ပတ်သက်ရင်တော့ ဟီဆွန်းကို မေးပေးမယ်လေ ငါတို့မင်္ဂလာဆောင်တုန်းက သူပဲအကုန်စီစဉ်တာဆိုတော့ "

" မဟုတ်ဘူးဟျောင်း ဟန်းနီးမွန်းလေ ဘယ်သွားရမလဲလို့ အကြံတောင်းချင်လို့ .. ဟျောင်း သွားခဲ့တုန်းကရော ဘယ်နိုင်ငံတွေလှလဲ .. သွားချင်တဲ့နိုင်ငံက အရမ်းများနေတော့ ဆုံးဖြတ်ပြီး သွားမှရတော့မှာ "

" honeymoon? "

ဂျယ်ယွန်း သံယောင်လိုက်ကာ ရေရွတ်လိုက်သည်။ပြီးမှ မှတ်ဉာဏ်ထဲ ပြန်စဉ်းစားကြည့်တော့ ဘာမှရှိမနေ။

심 Where stories live. Discover now