" မေမေက ဒီနေ့ည ညစာလာစားဖို့ ခေါ်ထားတယ် "ဟီဆွန်း ထိုစကားကို မဝံ့မရဲပြောတော့ တစ်ဖက်ခုံမှ စုတ်သပ်သံက အရင်ပေါ်ထွက်လာလေသည်။ iPad ပေါ်မှာ ပြေးလွှားနေတဲ့လက်တွေက ရပ်တန့်သွားပြီး နှုတ်ခမ်းကလည်း မျဉ်းဖြောင့်သဏ္ဍာန် အသွင်ပြောင်းသွားလေသည်။သို့ပေသည့်တိုင် ဂျယ်ယွန်း၏ချောမောမှုကို နည်းနည်းမှ အနှောင့်အယှက်မဖြစ်စေခဲ့ပါ။
" ခင်ဗျားက မငြင်းဘူးလား "
" ကိုယ်လည်း ငြင်းပါတယ် ဒါပေမယ့် .. "
အလိုရှိတဲ့နေရာရောက်ပြီဖြစ်လို့ ဟီဆွန်းကားကို ငြင်သာစွာ ရပ်ပြီး ဖြေရှင်းဖို့ပြင်ပါ၏။သို့ပေမယ့် ခပ်ကြမ်းကြမ်း ထိုင်ခုံခါးပတ်ဖြုတ်သံနှင့်အတူ ချစ်ရတဲ့ မျက်နှာလေးက ဒေါသငွေ့တွေရောယှက်လျှက် ဟီဆွန်းဘက်ကို လှည့်လာသည်။
" ကျွန်တော် စိတ်အနှောင့်အယှက်ဖြစ်စရာတစ်ခုတွေ့တာနဲ့ ချက်ချင်းထပြန်ပစ်မှာ .. နောက်လည်း အတူလိုက်ဖို့ မျှော်လင့်မနေနဲ့ "
" ကောင်းပါပြီ .. ရှင်းမ် စိတ်အနှောင့်အယှက်မဖြစ်ရအောင် ကိုယ်ပြောထားပါ့မယ် "
စကားဆုံးသည်နှင့် တံခါးကိုတော့ ငြင်သာစွာ ဖွင့်လို့ ကားပေါ်မှ ဆင်းသွားလေသည်။ဟီဆွန်း ကားထဲမှနေ အပြင်ကို လှမ်းကြည့်မိတော့ နာမည်ကြီး ကော်ဖီဆိုင်ဖြစ်၏။ဟီဆွန်းထင်တာမမှားရင် ဂျယ်ယွန်း၏ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် ဂျူနီယာလည်းဖြစ်တဲ့ ဂင်မ်ဆောနူ၊ယန်းဂျောင်ဝန်းတို့နှင့် လာတွေ့တာပဲဖြစ်ရမည်။ဟီဆွန်း၏ အတွေးကို မျက်နှာချင်းဆိုင်မှ လာနေတဲ့ကားက အတည်ပြုပေးလေသည်။
အဖြူအနက်စပ် sports car ပေါ်မှ ဆင်းလာတဲ့ ယန်းဂျောင်ဝန်းက ဆိုင်ထဲမဝင်ခင် မောင်းသူနေရာက Park Jay ထံ ငုံ့ကာ အနမ်းပေးနေသည်လေ။ဟီဆွန်း ထိုမြင်ကွင်းကို ခေတ္တမျှ ငေးကြည့်ပြီးနောက်မှာ ထိုကားရှိရာ တလှိမ့်ချင်းမောင်းသွားလိုက်သည်။
" ဟေး ဂျေး "
ဟီဆွန်းနှုတ်ဆက်လိုက်ချိန် ယန်းဂျောင်ဝန်းကတော့ ဟီဆွန်းကို ခေါင်းလေးအသာညိတ်ပြပြီး နှုတ်ဆက်ကာ ဆိုင်ထဲဝင်သွားလေသည်။ဂျေးနဲ့ ဟီဆွန်းကတော့ အနီးအနားမှာရှိတဲ့ အားကစားရုံကိုဦးတည်လိုက်သည်။ကိုယ်စီဆိုင်ရာပိုင်ရာလေးတွေကို သူတို့ပြန်ကြိုပေးရဦးမှာဖြစ်၍ အဝေးကြီးမသွားဖြစ်ကြတော့။
YOU ARE READING
심
FanfictionSomeone call the doctor 난 그가 필요해 하루도 난 버틸 수 없어 벗어나고 싶지 않은 천국 같은 너 긴긴 이 덫은 아름다워 Overdose - EXO -