07

604 96 11
                                    


ဟီဆွန်း သတိပြန်လည်လာတော့ ကုမ္ပဏီရှိ အိပ်ခန်းထဲမှာပဲဖြစ်ကာ လက်မှာတော့ ဆေးချိတ်ထားလေသည်။ဟီဆွန်း ကုတင်ပေါ်မှ ဖြည်းညင်းစွာ ထလိုက်တော့ ရုံးခန်းထဲမှ အတွင်းရေးမှူးက သတိထားမိပုံဖြင့် ဟီဆွန်းရှိရာ လျှောက်လာသည်။

" မန်နေဂျင်း မူးလဲနေတာတွေ့လို့ ကျွန်တော် ဆရာဝန်ပဲခေါ်လိုက်တာ ဆေးရုံကားခေါ်ရင် ဥက္ကဌကြီးထိ သတင်းရောက်သွားမှာစိုးလို့ .. သက်သာပါရဲ့လား "

" အင်း သက်သာတယ် ဖုန်းရော .. ဖုန်းပေးပါဦး "

" အားကုန်နေတာတွေ့လို့ ကျွန်တော် အားသွင်းပေးထားပါတယ် "

မဖြစ်နိုင်ပေမယ့်လည်း လက်ထဲရောက်လာတဲ့ ဖုန်းကို ဟီဆွန်းအမြန်ဖွင့်ကာ နိုတီစစ်လိုက်သည်။သို့ပေမယ့် ထင်ထားသည့်အတိုင်း ဘာစာမှဝင်မထားပေ။ဟီဆွန်း သက်ပြင်းချပြီး နာရီကြည့်တော့ နေ့လည် ၁၁နာရီ။ဂျယ်ယွန်းဆီမှာ မနက်၄နာရီပဲရှိဦးမှာမို့ နိုးသေးမည်မထင်ပါ။ထို့နောက် ဟီဆွန်း ကုတင်ပေါ် ကျောမှီထိုင်ရင်း ဆေးသွင်းထားသည်ကို ကြည့်လိုက်သည်။ကုန်ခါနီးနေပြီပင်။

" မနက်ခင်း အစည်းအဝေးရော ဘယ်လိုလုပ်လိုက်လဲ "

" အစည်းအဝေးကို မနက်ဖြန်ရွှေ့လိုက်ပါတယ် .. ဒီနေ့ မန်နေဂျင်း အလုပ်မတက်ဘူးလို့ပဲ သူတို့သိထားကြတာမို့လို့ အိမ်ပြန်ပြီး အနားယူလိုက်ပါ "

" ငါ မနားဘူး .. အစည်းအဝေးကို နေ့လည်ခေါ်လိုက် "

ဟီဆွန်းက နားနေရင် အတွေးများရသည်မို့ နေထိုင်မကောင်းသော်လည်း နားမနေချင်ပေ။နောက်ပြီး အလုပ်လုပ်နေရင်းတောင် ဂျယ်ယွန်းကို လွမ်းနေတာ အားများအားနေပါက ပို၍ဆိုးမည်။

" ဆရာဝန်က သေချာလေး နားဖို့ပြောသွားတာမို့လို့ ဒီနေ့တစ်ရက်တော့ နားလိုက်ပါ "

" အတွင်းရေးမှူးချွဲက ငါ့အမိန့်ကို ငြင်းဆန်နေတာလား "

" ဇွတ်လုပ်မယ်ဆို ကျွန်တော် အစ်ကိုလေးဂျယ်ယွန်းကို ဆက်သွယ်ရပါလိမ့်မယ် "

ဘယ်က သတ္တိများဖြင့် ပြောထွက်လာလည်း မသိပေမယ့် ဟီဆွန်းကတော့ ငြိမ်ကျသွားလေသည်။ဂျယ်ယွန်းက သေချာပေါက် အရေးစိုက်မည်မဟုတ်ပေမယ့်လည်း အတွင်းရေးမှူးအမြင်မှာတော့ တစ်ယောက်ကို တစ်ယောက် အရမ်းဂရုစိုက်ကြသည့် အိမ်ထောင်သည်တွေ ဖြစ်နေသည်ထင်၏။

심 Where stories live. Discover now