10

767 110 11
                                    


ထိုနေ့က ကိစ္စပြီးကတည်းက အိမ်တွင်း အခြေအနေက ပိုမိုအေးစက်လာပါသလို ဂျယ်ယွန်းကလည်း မအားလပ်တော့ပါပေ။အလုပ်ကိစ္စအတွက် အပြင်မှာ အချိန်ကုန်နေပြီးအချိန်ပိုထွက်လာရင်လည်း ဂျယ်ယွန်းက အိမ်မှာမနေသည်က များသည်။

ဂျယ်ယွန်းက အားလပ်ချိန်ရှိနေသည့်အခါမျိုး၊စိတ်ထဲ ရှုပ်ထွေးနေသည့်အခါမျိုးဆို မိဘမဲ့ကျောင်းမှာ သွားပြီး တိတ်တိတ်လေး လုပ်အားပေးလုပ်လေ့ရှိသည်။သို့ပေမယ့် အမြဲတမ်းတော့မဟုတ်ပေ။ဂျယ်ယွန်း အမြဲတမ်းသွားလေ့ရှိသည်က စိတ်အေးချမ်းရာဖြစ်သည့် မေမေရှိရာပဲဖြစ်သည်။

ဂျယ်ယွန်း အသီးများ၊စာအုပ်များကို သယ်လို့ မကြာမကြာ ရောက်ဖြစ်သည့် မြို့စွန်မှ နာတာရှည်ဆေးရုံထဲကို ဝင်ခဲ့လိုက်သည်။သူနာပြုမလေးများဟာ ဂျယ်ယွန်းကို မျက်မှန်းတန်းမိနေပြီဖြစ်ပါသလို ယခုတစ်ခါတွင်တော့ နေ့တိုင်းနီးနီးလာဖြစ်သည့်အတွက် ဘေးအခန်းမှ လူနာများ၊ပန်းခြံထဲ ပုံမှန်လမ်းလျှောက်တတ်သည့် လူနာများဖြင့်ပင် အနည်းငယ် ခင်မင်နေလေပြီ။

" မေမေ .. သား လာတယ် "

ဆေးရုံရှိ အကောင်းဆုံးအခန်းထဲမှ တစ်ခုဖြစ်သည့် အခန်းထဲ ဝင်လိုက်တော့ တီဗီကြည့်နေသည့် မေမေက ဂျယ်ယွန်းကို လှမ်းရယ်ပြသည်။အသက်၅၀ကျော်နေသည့်တိုင် ဆံပင်အညိုများဖြင့် မျက်နှာလေးကလည်း နုပျိုနေကာ လှပနေဆဲပါပင်။

" အိုက်ဂူး မင်းသားလေး ထပ်ရောက်လာတာပဲ မနေ့ကလည်း လာသွားပြီးပြီလားလို့ "

ပုံမှန်အသိစိတ်မရှိသည့် မေမေက ဂျယ်ယွန်းကို သားတစ်ယောက်အနေဖြင့် မမှတ်မိပါပေ။တစ်ခါတစ်လေ တီဗီတွင် ပါလာတတ်၍ ရုပ်ရှင်မင်းသားဟုသာ ထင်နေလေသည်။

" မေမေ့ကို လွမ်းလို့လေ .. ဒီနေ့ရော ပုံပြင်ဖတ်ပြမယ်နော် လက်သည်းလေးတွေ ညှပ်ပေးရမလားလို့ လမ်းမှာ စဉ်းစားလာတာ လက်သည်းလေးတွေ သားကို ပြပါဦး "

" လက်သည်းက ညှပ်ထားတာ မကြာသေးဘူး "

" သား မညှပ်ပေးတာကြာပါပြီ .. ဆရာမလေးတွေ ညှပ်ပေးထားတာလား ဟုတ်လား မေမေ "

심 Where stories live. Discover now