20

1.5K 114 22
                                    


ဂျယ်ယွန်း မနက်စာစားဖို့ အောက်ထပ်ဆင်းခဲ့တော့ အရင်ဆုံး သတိထားမိသည်မှာ တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ဖြစ်သည်။အရင်ကလည်း အမြဲတိတ်ဆိတ်နေတတ်ပေမယ့် အိမ်အကူတစ်ယောက်၊နှစ်ယောက်ကတော့ သန့်ရှင်းရေးလုပ်နေသည်ကို တွေ့ရတတ်သည်။ယခုတော့ အိမ်အကျယ်ကြီးထဲ ဂျယ်ယွန်းတစ်ယောက်တည်းလိုဖြစ်နေသည်။

သို့ပေမယ့် ထမင်းစားခန်းထဲကို ဝင်လိုက်ချိန်မှာ တစ်ယောက်တည်းမဟုတ်ကြောင်း သိလိုက်ရသည်။ဂျယ်ယွန်း နေကောင်းပြီဖြစ်၍ အလုပ်သွားမည့်သူက နက်စွေးနေသည့် suit ဖြင့် ဂျယ်ယွန်းဝင်လာမှာကို သိသလိုမျိုး ပြုံးရယ်ကာ ကြည့်နေသည်။

" ဘာလဲ ဘာလို့ပြုံးကြည့်နေတာလဲ "

ဂျယ်ယွန်း မနေတတ်သလိုလေး မေးကာ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်။ထိုအခါ ဟီဆွန်းက ထိုင်နေရာမှ ထသွားပြီး ဂျယ်ယွန်းအတွက် ကော်ဖီခွက်နှင့် sandwich၊ကြက်ဥကြော်၊ကြက်ဥချောင်းများပါသော ပန်းကန်တို့အား ယူကာ အရှေ့မှာ ချပေးလာသည်။

" ကိုယ် အလုပ်သမားတွေကို ခွင့်ရက်ရှည်ပေးလိုက်တယ် .. ဒီအိမ်ထဲမှာ မင်းနဲ့ကိုယ် နှစ်ယောက်တည်းပဲ "

ထိုင်နေသည့် ဂျယ်ယွန်းကို အနောက်မှသိုင်းဖက်ကာ ပါးပြင်ကိုနမ်းလာရင်း တိုးညင်းစွာပြောသည်မို့ ဂျယ်ယွန်း ကြက်သီးလေးများပင် ထလာ၍ ရုန်းလိုက်မိသည်။ထိုအခါ ဟီဆွန်းက မျက်နှာချင်းဆိုင်မှာ ပြန်ထိုင်သည်။

" အဲ့တာဆို အိမ်အလုပ်တွေ ဘယ်သူလုပ်မှာလဲ "

" ကိုယ်ပေါ့ "

ဂျယ်ယွန်း ကြက်ဥချောင်းလေးကို ခက်ရင်းဖြင့် ထိုးစိုက်ယူကာ ကိုက်စားနေရင်း မျက်ခုံးပင့်မိသွားသည်။အဲ့ဒီလူက ဘယ်အချိန်မှာများ အားလပ်နေလို့ အိမ်အလုပ်တွေ လုပ်မှာလဲ။

" ခင်ဗျား အားလည်း မအားဘဲနဲ့ "

" အိမ်အလုပ်ကလည်း သိပ်မရှိပါဘူးကွာ .. ကိုယ်တို့ နေ့တိုင်း အပြင်မှာ ထွက်စားကြမယ်လေ ပန်းကန်ဆေးစရာမလိုတော့ဘူး "

" အဲ့တာဆို အဝတ်မလျှော်ရအောင် တစ်ထည်တည်းကိုပဲ ခဏခဏဝတ်မလို့လား "

심 Donde viven las historias. Descúbrelo ahora