ဂျယ်ယွန်း အခန်းထဲ အိပ်ရာပေါ်ထိုင်ကာ စာဖတ်နေချိန် အလန့်တကြား အခန်းထဲဝင်လာတဲ့လူကို မျက်လုံးလှန်ပြီးကြည့်လိုက်သည်။ထိုလူက အမြန်ပဲ ဂျယ်ယွန်းဘေးရောက်လာပြီး မျက်စိရှေ့ကို ဖုန်းထိုးပြလာသည်။" ကြည့်ပါဦး ရှင်းမ် ကိုယ်တို့နှစ်ယောက်က မလိုက်ဖက်ဘူးလား "
ပြလာသည်က ပန်းချီပြပွဲမှာ ရှင်းအာခိုးရိုက်ထားသည့်ပုံ။ပြောလာသည်က အပြုံးများပြည့်နေသည့် မျက်နှာဖြင့်။ထိုပုံတွေကို ဂျယ်ယွန်းလည်း ကြည့်ပြီးပြီဖြစ်၍ စိတ်မဝင်စားစွာ အီဟီဆွန်း၏ လက်ကို ဘေးတွန်းလိုက်သည်။
" ခဏလေး ကြည့်ပါဦး ရှင်းမ်ရဲ့ .. ဒီပုံမှာ ရှင်းမ်က ကိုယ့်ရင်ခွင်ထဲ မြုပ်နေတာပဲ ချစ်စရာလေး "
စိတ်မဝင်စားပါဘူးဆို ထပ်ပြီး တိုးပြလာတာကြောင့် ဂျယ်ယွန်း သက်ပြင်းချကာ လက်ထဲက စာအုပ်ကို ပိတ်လိုက်တော့သည်။ထိုသည်ကို အီဟီဆွန်းက သတိမထားမိသေး။တခြားဓာတ်ပုံများကို ကြည့်နေသည်။
" ဒါလေးလည်း ချစ်ဖို့ကောင်း .. "
" ဒီမှာ .. အဲ့ပုံတွေအကုန်လုံး ကျွန်တော့်ကိုလည်း ပို့ပေးထားတယ် အဲ့တာကြောင့်မလို့ ကျွန်တော့်ကို လာရှုပ်မနေနဲ့တော့ "
ဂျယ်ယွန်း ကုတင်ပေါ်မှ ဆင်းမည်ပြင်တော့ လက်ကို လှမ်းဆွဲထားသည်။ထို့နောက် ကုတင်ပေါ် ပြန်ဆွဲတင်လိုက်သည်မှာ စွေ့ကနည်းပင်။လက်မခံချင်ပေမယ့် ဒီလူက အမြဲတမ်း သူ့ထက်အားသန်နေတော့တာပဲ။
" ဘာလဲ ထပ်ပြီး "
" ကိုယ့်ရဲ့ IG မှာ တင်ချင်တယ် ပုံရွေးပေး .. ကိုယ်အရမ်းသဘောကျတဲ့ပုံတွေရှိတယ် "
" ကိုယ့်ဘာသာ ကြည့်တင်လိုက်လေ .. အဲ့တာကအစ ကြည့်ပေးနေရဦးမှာလား ? "
" မဟုတ်ဘူးလေ ရှင်းမ်မကြိုက်တဲ့ပုံတွေ ပါနေမှာစိုးရိမ်လို့လေ "
အမြဲတမ်း ဆင်ခြေရှိနေကာ ဂျယ်ယွန်း စိတ်မရှည်စွာဘဲ လက်ဖြန့်ပေးလိုက်သည်။ထိုအခါ လက်ထဲကို ထည့်ပေးလာသည့် ဖုန်းလေး။Screen ကို ထိလိုက်သည်နှင့် ဂျယ်ယွန်းက ရှိနေပြီး password မခံထားလို့ ဖွင့်ဝင်လိုက်တော့လည်း ဂျယ်ယွန်းကရှိနေပြန်သည်။
YOU ARE READING
심
FanfictionSomeone call the doctor 난 그가 필요해 하루도 난 버틸 수 없어 벗어나고 싶지 않은 천국 같은 너 긴긴 이 덫은 아름다워 Overdose - EXO -