03

643 98 2
                                    


ဂျယ်ယွန်းက ဒီရက်ပိုင်း ပွဲတစ်ခု လျှောက်စရာရှိ၍ အစားအစာကို လိုအပ်သလောက်သာစားပြီး ကြွက်သားတွေလျော့မသွားအောင်လည်း ထိန်းရသေး၏။

ဂျယ်ယွန်း ခြံထဲမှာရှိတဲ့ gym အဆောက်အဦးမှနေ အိမ်ရှိရာ ပြန်လာတော့ ခြံထဲမှာ သီးသန့်ဆောက်ထားသည့် ရေကူးကန်မှာ အီဟီဆွန်း ရေကူးနေသည်ကို တွေ့လိုက်ရသည်။အီဟီဆွန်းကို မြင်မှ ဂျယ်ယွန်းစိတ်မတင်မကျဖြစ်နေတာတွေ အနည်းငယ် အနေထိုင်သွားသလိုပင်။

အီဟီဆွန်းက သူ့ကိုရှောင်နေသည်။ဟိုတစ်နေ့က ဂျယ်ယွန်းအော်လိုက်၍ဖြစ်မည်ထင်ပါ၏။ငယ်ကျသွားခဲ့တဲ့မျက်နှာနဲ့ အသံက အသက်အရွယ်နဲ့မှ မလိုက်။ထိုနေ့ကို ပြန်မြင်ယောင်တော့ ဂျယ်ယွန်း နှုတ်ခမ်းတစ်ဖက်က အနည်းငယ်တွန့်ချိုးသွားလေ၏။

" ကလေးဆန်လိုက်တာ "

ဂျယ်ယွန်း ခပ်တိုးတိုးရေရွတ်ပြီး အိမ်ရှိရာဘက်ဆက်သွားမည်ပြင်တော့ အီဟီဆွန်းက ရေကန်ထဲမှ တက်လာကာ ဘေးဘောင်ပေါ်မှာ ထိုင်သည်။အပေါ်ပိုင်း ဗလာဖြစ်နေတာမို့ တောင့်တင်းနေတဲ့ ကြွက်သားများကို လှစ်ဟာပြထားလေသည်။ဒါတောင် ဂျယ်ယွန်းမြင်နေရတာ ကျောပြင်ဘက်။

" ဘယ်သူတွေကို ပြချင်နေမှန်းမသိဘူး "

ထိုသို့ရေရွတ်လိုက်ပေမယ့် ဂျယ်ယွန်းတို့ နေထိုင်ရာ အိမ်ကြီးက အတော်လေးကျယ်ဝန်းတဲ့ ခြံဝင်းထဲမှာရှိနေပြီး သီးသန့်ဆန်သည်။အလုပ်သမားတွေကလည်း အချိန်တိုင်းအများကြီးရှိနေတာမဟုတ်ဘဲ လူနည်းစုသာမို့ အချိန်ပြည့်နီးပါး ထိုအိမ်ကြီးထဲမှာ ဂျယ်ယွန်းနဲ့ ဟီဆွန်းသာလျှင် နှစ်ယောက်တည်းရှိနေသလိုခံစားရသည်။

ရုတ်တရက်ဆိုသလို ဂျယ်ယွန်း တစ်စုံတစ်ခုကို အတွေးပေါက်ကာ ဖုန်းထုတ်၍ ကျောပေးကာ ထိုင်နေသူကို ဓာတ်ပုံလှမ်းရိုက်လိုက်ပါ၏။သိပ်မဝေးပေမယ့်လည်း ပုံကို တမင်ဝါးနေအောင်ရိုက်လိုက်သည်။သို့ပေမယ့် ဘယ်သူကြည့်ကြည့် လူတစ်ယောက်၏ ကျောပြင်ဆိုတာ သေချာပါ၏။

ထို့နောက် ဂျယ်ယွန်းက နှုတ်ခမ်းတို့ တွန့်ချိုးလျှက် အိမ်ကြီးရှိရာသာ လျှောက်သွားခဲ့သည်။အိမ်ထဲကို ရောက်တော့ အကူကောင်လေးကို တွေ့၍ ဂျယ်ယွန်း ကျော်သွားမည်ပြင်ပြီးခါမှ ခြေလှမ်းတို့ကို ရပ်လိုက်သည်။ထိုအခါ ထိုကောင်လေးက အလိုက်တသိ မေးလာပါ၏။

심 Where stories live. Discover now