04

560 92 7
                                    


ဂျယ်ယွန်း မနေ့ညက အစောကြီးအိပ်ပျော်သွားပေမယ့် နိုးလာတော့ နေမြင့်နေလေပြီ။အီဟီဆွန်း အလုပ်ထသွားတာပင်မသိလိုက်။အိပ်ရာမထခင် ကုတင်ဘေးရှိ ခုံပေါ်မှ ဖုန်းအား ကောက်ယူလိုက်ပြီး သတင်းအနည်းငယ်ကြည့်လိုက်သည်။ဟိုတစ်နေ့က ဂျယ်ယွန်းတင်ခဲ့တဲ့ နောက်ကျောပုံနှင့် မနေ့ညက အီဟီဆွန်း၏နှင်းဆီပန်းကိုင်လျှက်သား ပုံတို့က သတင်းဖြစ်နေလေပြီ။

လူအများ အားကျစရာ ပျော်ရွှင်စရာကောင်းပြီး အချစ်အပြည့်နဲ့ အိမ်ထောင်ရေးကို ဖော်ညွှန်းနေကြတဲ့ Fashion Model Sim Jaeyun နှင့် မျိုးဆက်သစ် ဆက်ခံသူ Lee Heeseung

ဂျယ်ယွန်း ထိုသတင်းကို ကျေနပ်သလိုကြည့်လိုက်ပြီး အကြောဆန့်ကာ ကုတင်ပေါ်မှထလိုက်တော့သည်။ကြမ်းပြင်ပေါ်ကို ခြေထောက်ချလိုက်မှ အေးစက်စက်အထိအတွေ့တစ်ခုက ဂျယ်ယွန်း၏ ညာဘက်ခြေချင်းဝတ်မှာရှိလို့နေသည်။

ဂျယ်ယွန်း ကုတင်ပေါ်ပြန်ထိုင်ကာ အနီးကပ်ကြည့်တော့မှ ငွေရောင် anklet လေးတစ်ခုဖြစ်သည်။ဘာဒီဇိုင်းမှမပါဘဲ အသည်းပုံသေးသေးလေးတစ်ခုသာပါသည့် ခပ်မျှင်မျှင် ခြေချင်းဖြစ်သည်။

ဂျယ်ယွန်းက အလုပ်အတွက်မှ လွဲရင် အဆင်တန်ဆာတွေ ဝတ်ရတာ မကြိုက်။ဂျယ်ယွန်းကို ချည်နှောင်ထားတယ်လို့ ခံစားရ၍ပင်။လက်ထပ်လက်စွပ်တောင် လူပြောမည်စိုး၍ ဝတ်ရခြင်းဖြစ်သည်။ဂျယ်ယွန်း ခပ်မြန်မြန်ပဲ ခြေချင်းကို ဖြုတ်ပြီး ကုတင်ဘေးက စားပွဲပေါ်တင်ခဲ့လိုက်တော့သည်။ထို့နောက်မှ ရေချိုးခန်းရှိရာသွားလို့ ရေချိုးသန့်စင်ပြီးမှ နေ့တစ်နေ့ကို စတင်ခဲ့လေသည်။

❒❒❒

" ရှင်းမ် "

အိပ်ခန်းထဲ ဝင်လာရင်း ခပ်တိုးတိုးခေါ်လိုက်တော့ ဘာတုံ့ပြန်သံမှမကြားရ။ကုတင်ဘေးက ခုံလေးပေါ်မှာ ဟီဆွန်း ဝတ်ပေးခဲ့တဲ့ ခြေချင်းလေးကတော့ အထီးကျန်စွာရှိနေသည်။ဟီဆွန်း သက်ပြင်းချလိုက်ပြီး ထိုခြေချင်းလေးကို ဂျယ်ယွန်း၏ လက်ဝတ်ရတနာတွေ သိမ်းသည့်အံဆွဲထဲထည့်ကာ သိမ်းပေးထားလိုက်သည်။

심 Where stories live. Discover now