ဂျယ်ယွန်းတစ်ယောက်တည်း ဧည့်ခန်းထဲမှာ အေးချမ်းစွာရှိနေချိန် အီဟီဆွန်းက အလုပ်ကနေ ပြန်လာပုံရပြီး ဧည့်ခန်းထဲကို ဝင်လာသည်။ဂျယ်ယွန်း iPadက အချိန်ကို ကြည့်မိတော့ ပုံမှန်ထက် အလုပ်စောဆင်းခဲ့ပုံရသည်။မျက်နှာကတော့ ခပ်ပြုံးပြုံးပင်။တစ်ခါတစ်လေတော့လည်း အီဟီဆွန်း၏ သည်းခံနိုင်စွမ်းကို လေးစားမိပါ၏။" ရှင်းမ် .. ကိုယ့်အသိညီမလေးတစ်ယောက်နဲ့ ညစာအတူစားဖို့ မေမေ စီစဉ်ပေးထားတာ ရှင်းမ်လိုက်ခဲ့မလားဟင် "
ထိုမေးခွန်းကို ကြားတော့ ဂျယ်ယွန်းစိတ်ထဲ ဟိုအဒေါ်ကြီး ဘာခြေလှမ်းတွေများ လှမ်းနေသလဲ တွေးမိသွားရသည်။သို့ပေမယ့် အခြေအနေကြည့်ချင်သေးတာမို့လို့ ငြင်းဆန်လိုက်ပါ၏။
" မလိုက်ချင်ဘူး "
" အင်း အဲ့တာဆိုလည်း ကိုယ် စောစောပြန်ခဲ့မယ် "
နောက်တစ်ခေါက်ပင် ထပ်မခေါ်ဘဲ ချက်ချင်းပင် ဧည့်ခန်းထဲက ထွက်သွားတာမို့ ဂျယ်ယွန်း၏မျက်ခုံးများ ပင့်တက်သွားရသည်။တကယ်တော့ နောက်တစ်ခေါက်ထပ်ပြောရင် ဂျယ်ယွန်းက စိတ်တိုမည်ဖြစ်ပြီး မပြောတော့လည်း ဂျယ်ယွန်းက မကြိုက်ပါပေ။
" သူကလည်း တော်တော်သွားချင်နေတယ်ထင်တယ် သူ့အမေ စီစဉ်ပေးတာရော ဟုတ်ရဲ့လားမသိဘူး "
ဂျယ်ယွန်း ဂိမ်းဆော့နေတာမို့လို့ iPad screen ပေါ် လက်ချောင်းကလေးများ တတောက်တောက်ပြေးလွှားနေရင်း ရွတ်လိုက်မိသည်။
" မဟုတ်ပါဘူးနော် မေမေစီစဉ်ပေးတာပါ "
အကွယ်ကနေ ခေါင်းထွက်လာတဲ့ ဟီဆွန်းကြောင့် ဂျယ်ယွန်း လန့်ကာ တုန်သွားသလို နေရခက်သွားမှုကြောင့် မျက်နှာကို ပိုတင်းကာ ဂိမ်းမှာပဲ အာရုံစိုက်ချင်ယောင်ဆောင်လိုက်သည်။ဂျယ်ယွန်းပြောလိုက်တဲ့စကားကို လူမိသွားတဲ့အတွက်လည်း အနည်းငယ် ရှက်စိတ်လေးဖြစ်သွားမိသည်။
အီဟီဆွန်းက ပြန်ထွက်မသွားဘဲ ဂျယ်ယွန်းရှိရာ လျှောက်လာနေသည်ကို မျက်ဝန်းထောင့်ကနေလှမ်းမြင်နေရသည်။ဂျယ်ယွန်း မသိချင်ဟန်ဆောင်ထားပေမယ့်လည်း ဂိမ်းထဲပင် အာရုံမစိုက်နိုင်သည်အထိ အာရုံတွေ ပြန့်လွင့်ကုန်တော့သည်။

أنت تقرأ
심
أدب الهواةSomeone call the doctor 난 그가 필요해 하루도 난 버틸 수 없어 벗어나고 싶지 않은 천국 같은 너 긴긴 이 덫은 아름다워 Overdose - EXO -