08

603 90 12
                                    


ဟီဆွန်း ကော်ဖီဆိုင်ထဲကို ဝင်လိုက်သည်နှင့် ဂျယ်ယွန်း၏ လက်ကလေးတစ်ဖက်က ဟီဆွန်း၏ လက်မောင်းထက်မှာ နေရာချလာသည်။ဟီဆွန်း ထိုလက်ကလေးပေါ်မှ တစ်ခြားလက်ဖြင့် ထပ်အုပ်ကိုင်လိုက်ပြီး လူရှင်းနေတဲ့ ကော်ဖီဆိုင်လေးထဲ ဘယ်နားထိုင်ရမလဲ ကြည့်နေမိသည်။

" ရှင်းမ် ဘယ်နားထိုင်ချင်လဲ "

ဂျယ်ယွန်းကလည်း ဟိုဟိုဒီဒီကြည့်နေပြီးတော့ ဆိုင်၏ အတွင်းဘက်ကျတဲ့ ထောင့်နေရာမှာ ထိုင်မည်ဟု ညွှန်ပြလာသည်။

" အဲ့ဒီနေရာ "

" အင်း ထိုင်နှင့်နော် .. ခါတိုင်းလို Vanilla latte ပဲလား ကိုယ် မှာခဲ့မယ် "

" ဟင့်အင်း .. Menu ကြည့်ဦးမယ် "

ဂျယ်ယွန်းက အရင်သွားမထိုင်နှင့်ဘဲ ကောင်တာအထိ အတူလိုက်လာသည်။ကောင်တာမှာတော့ ရှင်းအာရှိမနေပါ။သို့ပေမယ့် ဟီဆွန်းတို့ လာမည့်အကြောင်း ကြိုပြောထားပြီးသားဖြစ်၍ မကြာခင်မှာပဲ ရှင်းအာရောက်လာပါလိမ့်မည်။

" ရှင်းမ် ဘာသောက်မလဲ .. ကိုယ်က Iced Americano ကိတ်ရော ရွေးလိုက်နော် bae "

ဂျယ်ယွန်းက အေးအေးဆေးဆေးပင် menu ကြည့်နေရင်း ခေါင်းညိတ်ပြသည်။ဟီဆွန်းလည်း ထိုအခါမှ ဆိုင်ကို သေချာအကြည့်ရောက်မိတော့သည်။

လူကတော့ တစ်ဝိုင်းစ၊နှစ်ဝိုင်းစပဲ ရှိကာ mint color ကို အသားပေးထားပြီး သစ်ရွက်ကလေးများ၊ပန်းကလေးများဖြင့် အလှဆင်ထားလို့ စိမ်းစိုနေတဲ့ ဥယျာဉ်ထဲရောက်နေသလို ခံစားချက်မျိုးရသည်။ထို့အပြင် သီးသန့်ဆန်ပြီး အပြင်မှာလည်း တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်ရှိတာမလို့ တကယ် အေးအေးဆေးဆေးရှိတာဖြစ်သည်။

" Vanilla Latte ပဲသောက်တော့မယ် ပြီးတော့ cheese cake .. darling ရော ဘာစားဦးမလဲ "

ဟီဆွန်း ပြုံးချင်သွားသည့် နှုတ်ခမ်းများကို အပေါ်အောက်ဖိကပ်ကာ ထိန်းပြီး ကိတ်များကို ကြည့်လိုက်သည်။ဂျယ်ယွန်းက အချိုသိပ်မစားတတ်တဲ့လူမို့လို့ ကျန်တဲ့ကိတ်များထဲမှာလည်း ဂျယ်ယွန်းအကြိုက်က ရှားလေသည်။ဟီဆွန်းကလည်း ကိတ်စားချင်စိတ်မရှိတာမို့ ရွေးရခက်နေသည်။

심 Where stories live. Discover now