18

799 96 8
                                    


" ဂျယ်ယွန်း အိပ်ရေးဝဝ မအိပ်ဘူးလား မျက်လုံးတွေက အရမ်းသိသာနေတယ် "

" ဟုတ် .. ဒီရက်ပိုင်း အိပ်ရခက်နေလို့ "

မိတ်ကပ်ပြင်ပေးနေသည့် အစ်မက ဂျယ်ယွန်းအား စိတ်ပူသလိုပြောလာတော့ ဂျယ်ယွန်း ပြန်ဖြေရှင်းရင်း မျက်ဝန်းတို့ကို မှိတ်ချပေးထားလိုက်သည်။ဂျယ်ယွန်းကို ထားပြီးထွက်သွားခဲ့တဲ့ ညကတည်းက အိမ်ပြန်မလာတဲ့ လူကြောင့် ဂျယ်ယွန်း ညဘက်တွေလည်း အိပ်မပျော်နိုင်ပေ။လူတွေ အပြောင်းအလဲမြန်တာကို သိပေမယ့် အီဟီဆွန်းကတော့ မပြောင်းလဲလောက်ဘူးလို့ ဂျယ်ယွန်းထင်ခဲ့တာ .. ။ရင်ထဲအောင့်သက်သက်ခံစားချက်ဖြင့် မျက်ဝန်းတို့ကိုမှိတ်ချထားသည့်တိုင် မျက်ရည်တို့ ရစ်ဝိုင်းလာခဲ့သည်။

" ဂျယ်ယွန်း "

" ဆောရီး အစ်မ "

မထိန်းလိုက်နိုင်တဲ့ မျက်ရည်တစ်စက ပါးပြင်တစ်လျှောက်စီးဆင်းသွားတော့ ဂျယ်ယွန်းအားနာသွားရသည်။ထိုအစ််မက ခေါင်းသာညိတ်ပြပြီး ဂျယ်ယွန်း၏ မျက်ရည်စတွေကို ဖွဖွသုတ်ပေးလာသည်။ဂျယ်ယွန်းက နဂိုကတည်းက ရင်းနှီးတဲ့လူတွေနဲ့ဆိုလည်း နည်းနည်းသီးသန့်ဆန်၍ ဂျယ်ယွန်းအား ဘယ်သူမှ ဝင်မစွက်ဖက်ကြပေ။ထို့အတွက်ကြောင့် ဂျယ်ယွန်းမူမမှန်တာဖြစ်နေရင်လည်း ဘယ်သူကမှ အရေးတယူမမေးကြပေ။ဂျယ်ယွန်းက မပြောပြချင်တဲ့ အရာဖြစ်နေရင် စိတ်ခုသွားမှာကို မလိုချင်ကြ၍ပင်။

" အဆင်သင့်ပြင်ထားလိုက်တော့နော် ပွဲစတော့မယ် "

ဂျယ်ယွန်းက နောက်ဆုံးအပိုင်းဖြစ်ပေမယ့် အမြန်ပဲ အင်္ကျီလဲကာ အဆင်သင့်စောင့်နေလိုက်သည်။မှန်မှာမြင်နေရတဲ့ ပုံရိပ်က အရမ်းဖျော့တော့နေသလိုပဲ။ရှင်းမ်ဂျယ်ယွန်းမပီသလိုက်တာ။

အဲ့ဒီနေ့က အကြည့်တွေ စိတ်ထဲက ထုတ်ပစ်လိုက်စမ်းပါ။အိမ်ပြန်မလာလည်း ဘာမှလွမ်းစရာမရှိဘူး။ဂျယ်ယွန်းက အီဟီဆွန်းကို ချစ်မှမချစ်တာ။ဟုတ်တယ် မချစ်ဘူး။အောင်မြင်ချင်လို့ လက်ထပ်ထားရုံသက်သက်ပဲ။တစ်နေ့မှာ အဆုံးသတ်သွားမယ့် ပတ်သက်မှုတွေပဲ။

ဂျယ်ယွန်း သက်ပြင်းချလို့ စိတ်ငြိမ်အောင် ကြိုးစားလိုက်သည်။တစ်ဆက်တည်း ခေါင်းထဲ ဝင်လာတဲ့အတွေးက ဂျယ်ယွန်းပွဲတိုင်း ဘယ်တုန်းကမှ မပျက်မကွက်လာခဲ့ပေးတဲ့လူ။ပန်းစည်းတစ်စီးကို ကိုင်လို့ ဂျယ်ယွန်းကို ပြုံးပြတတ်တဲ့ အဲ့ဒီလူ။အခုရော လူအုပ်ထဲမှာ ရှိနေမလား။ရှိနေရင်ရော ဂျယ်ယွန်းကို အရင်လို ပြုံးကြည့်နေမလား။နောက်ပြီး အဲ့ဒီနေ့က ဒဏ်ရာရသွားတဲ့လက်ကို ဆေးရောထည့်ဖြစ်ရဲ့လား .. ။

심 Место, где живут истории. Откройте их для себя