25

838 96 27
                                    


လူမြင်ကွင်းမှာ ရန်ဖြစ်နေတဲ့ Fashion model Sim Jaeyun နှင့် သူ၏ အမျိုးသား။သူများတွေပြောကြသလို အတုအယောင်အိမ်ထောင်ရေးလား? ချစ်မြတ်နိုးခြင်းမရှိတဲ့ ဟန်ဆောင်လက်ထပ်ခြင်းလား?

ဂျောင်ဝန်း မျက်စိရှေ့မှာ တွေ့လိုက်ရတဲ့ သတင်းအသစ်တစ်ပုဒ်ကြောင့် မနက်စာစားနေရင်း မျက်ခုံးတို့ကို စုကျုံ့လိုက်မိသည်။သတင်းဝင်ဖတ်လိုက်တော့ အနည်းငယ်ဝါးတားတားဖြစ်နေတဲ့ ပုံအချို့လည်းပါသည်။တစ်ချို့ပုံတွေမှာတော့ ဟီဆွန်းဟျောင်းက ဂျယ်ယွန်းဟျောင်း၏ ကော်လံစအားဆွဲထားကာ တစ်ချို့ပုံတွေမှာတော့ ဂျယ်ယွန်းဟျောင်းကို လက်ဆွဲထားသည့်ပုံများ။

ဂျောင်ဝန်း နှုတ်ခမ်းလေးတွန့်ကာ ပြုံးရင်း ထိုသတင်းအား ဂျယ်ယွန်းဟျောင်းထံ ပို့ပေးလိုက်တော့သည်။လွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်က ဂျောင်ဝန်းကို မေးမြန်းထားသည့်ကိစ္စကြောင့် ဒီသတင်းက အတုအယောင်မှန်း ဂျောင်ဝန်းကတော့ သေချာသိလေသည်။

❒❒❒

" အဟွတ် "

ဟီဆွန်း မနက်စာစားနေရင်း မျက်နှာချင်းဆိုင်မှ အသံကြောင့် မျက်လုံးလေး ဝင့်ကာကြည့်လိုက်သည်။ဂျယ်ယွန်းက ညဝတ်အင်္ကျီလေးနှင့်ပင် ဖြစ်ကာ ဖုန်းကြည့်ရင်း မနက်စာစားနေလေသည်။

" ဘာဖြစ်လို့လဲ ရှင်းမ် .. ရရဲ့လား "

နွားနို့သီးသွားတာမို့ ဟီဆွန်း တစ်ရှူးဖြင့် နှုတ်ခမ်းလေးကိုလှမ်းသုတ်ပေးတော့ လက်ကာပြပြီး တစ်ရှူးကိုပဲ ဆွဲယူသွားလေသည်။ဟုတ်သား .. ဒီနေ့မနက်မှာပဲ အိမ်က အလုပ်သမားတွေ အကုန်ပြန်ရောက်နေပြီမို့ သူတို့ကဲချင်တိုင်း ကဲမရတော့ပေ။

" ကြည့်ဦး ဒီသတင်းကို "

ဂျယ်ယွန်းက ဖုန်းလေးကို ဟီဆွန်းရှိရာ လှမ်းပေး၍ ဟီဆွန်းလည်း ဘာအတွေးမှမရှိဘဲ အမြန်ယူကြည့်လိုက်သည်။သတင်းခေါင်းစဉ်ကို တွေ့ချိန်မှာ ဟီဆွန်း၏မျက်ခုံးတွေစုကျုံ့သွားပြီး ပုံတွေကို တွေ့ချိန်မှာတော့ ရယ်ချမိသွားရသည်။

" ဘာလဲ .. ရန်ဖြစ်တာနဲ့လည်း မတူဘဲနဲ့ "

နောက်ကွယ်က အကြောင်းအရင်းကို ဟီဆွန်းပြန်တွေးမိရင်း အရယ်မပြတ်တော့။မနေ့ညက သူတို့ ထိုအကြောင်းအရာကို အတူစဉ်းစားဖြစ်ခဲ့ကြသည်။ဂျယ်ယွန်း၏ ဟီဆွန်းတစ်ယောက်သာ မြင်နိုင်တဲ့ နေရာတွေမှာ အမှတ်အသားအသစ်ကလေးတွေက လှပစွာရှိနေရော့မယ်။ဟီဆွန်း ပြုံးကာ ဖုန်းကို ဂျယ်ယွန်းထံ ပြန်ပေးလိုက်ပါ၏။

심 Where stories live. Discover now