" ဂျယ်ယွန်းရှီက သူငယ်ချင်းဖြစ်ခဲ့လို့ သိမှာပါ ဆောင်းဟွန်းရှီရဲ့ အနားမှာ အရင်းနှီးဆုံးလူဆိုတာ ရှာရခက်တယ် .. ဂျယ်ယွန်းရှီတောင် ကျွန်မ မထင်မှတ်ဘဲ သိလိုက်ရလို့ အဆင်ပြေသွားတာပါ "" နှစ်ယောက်သားက အရမ်းရင်းနှီးခဲ့တဲ့လူတွေလို့ သိထားခဲ့တာ မဟုတ်မှ .. နှစ်ယောက်ကြားမှာ တစ်ခုခု အဖုအထစ်တွေများ ရှိခဲ့လို့လားဟင် .. အကယ်၍ မရှိဘူးဆိုရင်တော့ ကူညီပေးစေချင်ပါတယ် ဒါ ကျွန်မ လိပ်စာကတ်ပါ ပြန်ဆက်သွယ်ပေးပါနော် "
ဂျယ်ယွန်း ပန်းခြံထဲမှာ ထိုင်ရင်း လက်ထဲက လိပ်စာကတ်ကလေးကို ကြည့်ကာ မနေ့က ကြားခဲ့ရတဲ့ စကားများကို ပြန်စဉ်းစားနေမိသည်။အပြင်မှာ မိုးတဖွဲဖွဲရွာနေပြီး ပတ်ဝန်းကျင်က အနည်းငယ် အုံ့မှိုင်းလို့နေသည်။ဂျယ်ယွန်းကတော့ အမိုးပါတဲ့ အပန်းဖြေဆောင်လို အဆောင်မှာ ရှိနေတာဖြစ်၍ လေအဝေ့မှာ ရောပါလာတဲ့ မိုးရေစက်များကလွဲရင် မခံစားရပေ။
ညနေ ငါးနာရီကျော်နေပြီမို့ မကြာခင် ပိုပြီးမှောင်လာတော့မည်ဖြစ်သည်။ဂျယ်ယွန်း သက်ပြင်းလေးချကာ ခုံကို နောက်မှီပြီး ထိုင်လိုက်သည်။ထို့နောက် ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေမိသည်။
သူ အဆင်သင့်ဖြစ်ရဲ့လား .. ဆောင်းဟွန်းကို ပြန်ရင်ဆိုင်ဖို့။
ဂျယ်ယွန်းဘဝရဲ့ အခက်ခဲဆုံး အခြေအနေမှာ လက်တွဲဖြုတ်သွားခဲ့တာတောင် စိတ်မနာနိုင်တဲ့ အဲ့ဒီအချစ်ဦးရှေ့မှာ ပြန်ရပ်ဖို့ အင်အားရော ရှိရဲ့လား။တကယ်လို့ ပြန်ရပ်ဖို့ အားမရှိဘူးဆိုရင် ဂျယ်ယွန်း ဒီဇာတ်လမ်းကို အစမပြုသင့်ပေ။သနားစရာကောင်းတဲ့ ကာရိုက်တာမျိုးဖြစ်ရတာကို ဂျယ်ယွန်းအမုန်းဆုံးပဲ။ထို့အပြင် ဂျယ်ယွန်းသာ လက်ခံလိုက်မယ်ဆိုရင် အီဟီဆွန်းကို အသိပေးဖို့လိုလိမ့်မည်။နာမည်ကြီးရုပ်သံလိုင်း၏ အစီအစဉ်ဖြစ်သည့်အတွက် အီဟီဆွန်း၏ခွင့်ပြုချက်နှင့်အမြင်လည်းလိုသည်ဟု ဂျယ်ယွန်းထင်သည်။သို့ပေမယ့် အီဟီဆွန်းက ဂျယ်ယွန်းနဲ့ပတ်သက်ပြီး ဆောင်းဟွန်းကို သိနေမှာတော့မဟုတ်ပေ။ဆောင်းဟွန်းနဲ့ တက္ကသိုလ်ဒုတိယနှစ်မှာ လမ်းခွဲပြီး လေးနှစ်ကြာမှ အီဟီဆွန်းနဲ့ တွေ့ခဲ့တာဖြစ်သည်။ထို့အတွက်ကြောင့် မသိနိုင်။

YOU ARE READING
심
FanfictionSomeone call the doctor 난 그가 필요해 하루도 난 버틸 수 없어 벗어나고 싶지 않은 천국 같은 너 긴긴 이 덫은 아름다워 Overdose - EXO -