" ဂျယ်ယွန်း အလုပ်မသွားဘူးများလား "ဟီဆွန်း ကားကို အိမ်ရှေ့မှာ ရပ်ထားပြီး ခပ်တိုးတိုးရေရွတ်မိသည်။ကိုယ်တိုင် လူရုပ်မထွက်သည်အထိ အလုပ်လည်းမသွား၊ပေတေနေပေမယ့် ဂျယ်ယွန်း မျက်နှာလေးကို မမြင်ရရင် မနေနိုင်၍ နေ့တိုင်းလိုလို လိုက်ချောင်းဖြစ်သည်။ဒီနေ့လည်း အလုပ်သွားမယ်ထင်ထားပေမယ့် ဂျယ်ယွန်း၏လက်ထောက်ကောင်လေး လာကြိုတာမတွေ့သလို ခြံကျယ်ကြီးထဲမှ ဘာအရိပ်အယောင်မှလည်း မတွေ့ရပေ။
ထို့အတွက်ကြောင့် ဟီဆွန်း အိမ်ဖုန်းကို လှမ်းဆက်လိုက်သည်။အိမ်ဖုန်းကိုတော့ ဂျယ်ယွန်းက သေချာပေါက် ကိုင်မှာမဟုတ်၍ ဟီဆွန်း ရဲရဲတင်းတင်းဆက်ရဲပါသည်။အရင်နေ့တွေကလည်း ဒီလိုပဲ လှမ်းဆက်၍ ဂျယ်ယွန်း၏အခြေအနေတွေ မေးနေခဲ့တာဖြစ်သည်။
" 여보세요 ( Hello ) "
" ငါပါ "
" ဟုတ်ကဲ့ အစ်ကိုလေး "
" ဂျယ်ယွန်း အလုပ််မသွားဘူးလား "
" မနေ့နေ့လည်က နားချင်တယ်ဆိုပြီး အပေါ်တက်သွားတာ ခုထိတော့ ဆင်းမလာသေးဘူး အစ်ကိုလေး "
ဟီဆွန်း စိုးရိမ်စိတ်ကလေးဝင်လာပြီး ချက်ချင်းပဲ ခေါင်းထဲ မေးခွန်းတွေ တန်းစီရောက်လာတော့သည်။ပတ်ခ်ဆောင်းဟွန်းနဲ့ တစ်ခုခုများဖြစ်ခဲ့လို့လား .. ။အလုပ်မှာ အဆင်မပြေလို့လား။ဟီဆွန်းကြောင့်တော့ သေချာပေါက် မဖြစ်နိုင်ပေ။နေမကောင်းလို့များလား။
" ညစာရော ဆင်းမစားဘူးလား "
" နေ့လည်စာရော ညစာရော မစားဘူး အစ်ကိုလေး .. အရေးမကြီးရင် တံခါးမခေါက်နဲ့ဆိုလို့ ကျွန်တော်လည်း တက်မကြည့်ရဲဘူး "
" တစ်ခုခုများ ဖြစ်နေတာလား "
" အာ .. အဲ့လိုဆိုမှ မနေ့နေ့လည်က အပြင်က ပြန်လာတော့ အစ်ကိုလေးဂျယ်ယွန်းကြည့်ရတာ သိပ်မလန်းသလိုပဲ ဖျားများ ဖျားနေလားမသိဘူး အရင်နေ့တွေကလည်း မိုးရွာနေတာကို ခြံထဲ ဆင်းထိုင်နေတာ "
" ခြံတံခါးဖွင့်လိုက် "
ဟီဆွန်း ချက်ချင်းပဲ ဖုန်းချပြီး ကားကို ခြံထဲ မောင်းဝင်လိုက်တော့သည်။မသပ်မရပ်ဖြစ်နေတာတွေလည်း မစဉ်းစားနိုင်တော့ဘဲ ကားကို အဆင်ပြေသလို ရပ်ပြီး အိမ်ထဲ အမြန်ဝင်ခဲ့တော့သည်။အိမ်ပေါ်ထပ်ကို တန်းတက်ခဲ့ကာ ဟီဆွန်းတို့၏ အခန်းလေးထဲကို ဖွင့်ဝင်လိုက်သည်။

ESTÁS LEYENDO
심
FanficSomeone call the doctor 난 그가 필요해 하루도 난 버틸 수 없어 벗어나고 싶지 않은 천국 같은 너 긴긴 이 덫은 아름다워 Overdose - EXO -