Darling, I Miss You

1.7K 134 56
                                    


" Darling လို့ "

ဂျယ်ယွန်း ဟီဆွန်း၏လက်မောင်းကို လက်ညှိုးဖြင့် တို့ကာ ၃ခွန်းမြောက်ကို ချွဲသံလေးထည့်လို့ ခေါ်လိုက်သည်။သို့ပေမယ် တုံ့ပြန်ချက်က ရမလာပေ။

" ခင်ဗျားက ခုတော့ အဲ့လိုပေါ့လေ .. ခင်ဗျား လိုချင်တာရတော့ လူကို အဖက်မလုပ်တော့ဘူးပေါ့ "

ဂျယ်ယွန်း ဒီတစ်ကြိမ်တော့ အနည်းငယ် လေသံမာမာဖြင့် ဆိုလိုက်သည်။ဒါလည်း တုံ့ပြန်ချက်ရမလာပေ။ဟီဆွန်းအတွက် ဂျယ်ယွန်းထက်ပိုပြီး ဆွဲဆောင်မှုရှိပုံရမည့် စာရွက်စာတမ်းများကိုသာ စူးစိုက်လို့ကြည့်နေသည်။

ဂျယ်ယွန်း သက်ပြင်းချပြီး လက်မှာ ဝတ်ထားတဲ့နာရီကို ကြည့်လိုက်သည်။အချိန်က အတော်ကိုမှ ကပ်နေပြီဖြစ်လို့ ဂျယ်ယွန်း ဟီဆွန်း အနားကို ပို၍ နီးကပ်အောင် တိုးကပ်လိုက်သည်။

" လူကို သွားခါနီး လာခါနီး စိတ်မကောင်းဖြစ်အောင် မတရားလုပ်တာ .. mwah အလုပ်ပြီးတာနဲ့ မြန်မြန်ပြန်လာခဲ့မယ် နေကောင်းအောင်နေ .. ချစ်တယ်နော် "

အမြဲတမ်း နူးနူးညံ့ညံ့ကြည့်လေ့ရှိသူက ဂျယ်ယွန်းကို ပြန်ကြည့်မလာ။အိစက်နေသည့် ပါးပြင်ကို နှစ်ကြိမ်မြောက်ဖိကပ်နမ်းပြီး ဂျယ်ယွန်း ဟီဆွန်းကို ကျောခိုင်းလိုက်တော့သည်။ဂျယ်ယွန်း အခန်းတံခါး မပိတ်ခင်အထိ ဟီဆွန်းကို ကြည့်နေမိပေမယ့် ဟီဆွန်းကတော့ ပြန်ကြည့်မလာပေ။

ဂျယ်ယွန်း ရင်ထဲနာကျင်သွားသည်ကို လျစ်လျူရှု့လို့ အသင့်စောင့်နေတဲ့ ကားပေါ် တက်လိုက်တော့သည်။ဟီဆွန်း တားတာကိုမှ လုပ်ထားမိတော့ ဂျယ်ယွန်းဘက်ကနေလည်း ပြန်စိတ်ဆိုး၍ မရတော့ပါပေ။ခရီးက ပြန်ရောက်ရင်တော့ သေချာလေး ချော့လို့ရဖို့ ဂျယ်ယွန်းမျှော်လင့်ပါသည်။

❒❒❒

" ဂျယ်ယွန်းရှီ "

ဂျယ်ယွန်း ရေကူးကန်ထဲ ခြေထောက်ချထားကာ ပင်လယ်ဘက်ကို ငေးနေရင်းမှ ခေါ်သံကြောင့် အသံလာရာလှည့်ကြည့်လိုက်သည်။ဂျယ်ယွန်းကတော့ တီးရှပ်၊ဘောင်းဘီတိုဖြင့် ဖြစ်သော်လည်း အနားဝင်ထိုင်လာသည့်သူက အပေါ်ပိုင်း ကြွက်သားများကို အများမြင်အောင် လှစ်ဟာပြထားသည်။ဂျယ်ယွန်း ထိုမြင်ကွင်းကို မျက်နှာလွှဲပြီး ထူးလိုက်သည်။

심 Donde viven las historias. Descúbrelo ahora