14

592 83 16
                                    


ဟီဆွန်း အလုပ်ကပြန်လာတော့ အိမ်က ခါတိုင်းထက် တိတ်ဆိတ်နေကာ အပေါ်ထပ်ကို တက်တက်ချင်းမှာပဲ အလုပ်ရှုပ်နေတဲ့ ဂျယ်ယွန်းကို တွေ့လိုက်ရသည်။ခရီးဆောင်အိတ်ထဲကို အဝတ်အစားတွေထည့်နေပုံက အလောတကြီးဆန်ပြီး ဂျယ်ယွန်းမျက်နှာလေးကို ကြည့်ရတာလည်း စိတ်ရှုပ်နေပုံပေါ်သည်။

" ရှင်းမ် ဘာဖြစ်နေတာလဲ .. ဘာလို့လဲ "

ဟီဆွန်း စိုးရိမ်စွာ မေးလိုက်တော့ ဘာစကားမှပြန်မလာ။ရုတ်တရက်ဆိုသလို ဂျယ်ယွန်း၏ လက်ချောင်းလေးတွေမှာ သူတို့၏ လက်ထပ်လက်စွပ်ရှိမနေတာကို သတိထားမိသည်။

" ရှင်းမ် လက်စွပ်ရော "

ဂျယ်ယွန်းက ဟီဆွန်းကို မမြင်သလိုပဲ ပစ္စည်းများကို ဆက်ပြီး ထုပ်ပိုးနေ၍ ဟီဆွန်း ဂျယ်ယွန်းအား လက်မောင်းမှဆွဲ၍ မျက်နှာချင်းဆိုင်လိုက်သည်။တည်တင်းနေတဲ့ မျက်နှာကို သေချာကြည့်မိတော့ ဂျယ်ယွန်း၏ ညာဘက်ပါးပြင်က နီရဲနေ၏။

" ရှင်းမ် ပါးက နီရဲနေတာပဲ .. ဘာဖြစ်တာလဲ ဘယ်သူလုပ်တာလဲ ဘာနဲ့ခိုက်မိတာလဲ "

ဟီဆွန်း ထိုပါးပြင်လေးကို ကြည့်၍ စိုးရိမ်စွာ မေးခွန်းများ အဆက်မပြတ် မေးတော့သည်။ဂျယ်ယွန်းက ထိုမေးခွန်းများကို ကြားတော့ နှုတ်ခမ်းတစ်ဖက်ကိုပင့်လို့ ခနဲ့သလိုပြုံးသည်။

" ခင်ဗျားအမေရိုက်သွားတာလေ .. လွှတ်စမ်းပါ ကျွန်တော် မနက်ဖြန် ခင်ဗျားအမေလိုချင်တဲ့ကွာရှင်းစာချုပ်ပို့ပေးလိုက်မှာမို့လို့ ဒီနေ့ ဒီအိမ်ပေါ်က ဆင်းတော့မယ် "

" ခ .. ခဏ ရှင်းမ် ဘာပြောလိုက်တာလဲ ကိုယ် နားကြားမှားသွားတာများလား "

ဟီဆွန်း စူးနင့်သွားတဲ့ ရင်ဘတ်ကို လျစ်လျူရှု့လို့ နောက်တစ်ကြိမ်ပြန်မေးမိသည်။အသက်ကြီးလာလို့ ထင်၏။နားက မဟုတ်တာတွေ လျှောက်ကြားနေရသည်။အရင်နေ့တွေကထိ သူတို့ကြီးကြီးမားမား ရန်ဖြစ်ခဲ့တာလည်း မရှိ၍ အခြေအနေကို မယုံနိုင်ဖြစ်နေမိသည်။ဘာလို့ သူတို့က ကွာရှင်းရမှာလဲ။မေမေကလည်း ဘာလို့ကွာရှင်းခိုင်းရတာလဲ။

" ဘာကိုမှားတာလဲ .. ခင်ဗျားအမေ အိမ်ပေါ်တက်လာပြီး လူကိုစော်ကား ပါးရိုက်သွားတဲ့ဟာလား .. ကွာရှင်းမယ်ဆိုတဲ့ဟာလား "

심 Where stories live. Discover now