" လက်နာနေဦးမယ် ရှင်းမ် "ဂျယ်ယွန်းပေါင်ပေါ်ရှိ ဟီဆွန်း၏ခေါင်းအား ညင်သာစွာ ကိုင်တွယ်၍ နှိပ်နယ်ပေးနေချိန် မျက်ဝန်းတို့မှိတ်ချထားသူက ခပ်ဖွဖွဆိုလာခဲ့သည်။ယခုမှ အလုပ်က ပြန်ရောက်၍ ဟီဆွန်းက suit ဖြင့်ဖြစ်ကာ ဂျယ်ယွန်းကတော့ ပေါ့ပေါ့ပါးပါး တီးရှပ်နှင့် sweatpants တစ်ထည်ဖြင့်သာ။ဂျယ်ယွန်းတို့ ရှိနေသည့် ဧည့်ခန်းအတွင်းရှိ ဆိုဖာ၏အရှေ့မှာ စားပွဲခုံရှည်ရှိသည်။ထိုစားပွဲပေါ်မှာတော့ ဂျယ်ယွန်း ကိုယ်တိုင်ဖျော်ခဲ့သည့် ရေခဲတုံးလေးတွေသာ ကျန်တော့သော သံပရာရည်တစ်ခွက် ရှိနေသည်။
ဂျယ်ယွန်းက ဘာမှပြန်မပြောတော့ ဂျယ်ယွန်း၏လက်ကို ညင်သာစွာ လာထိကိုင်ပြီး တားနေသူကြောင့် ဂျယ်ယွန်း သက်ပြင်းချမိသည်။ပြီးမှ ထိုလက်ကို ခပ်ဆက်ဆက်ကလေးရိုက်ကာ ဖယ်စေလိုက်ပါ၏။
" မနာပါဘူး ငြိမ်ငြိမ်နေလေ ခေါင်းကိုက်နေတယ်ဆို "
အနည်းငယ်ငေါက်လိုက်တော့ ငြိမ်ပြီး မျက်ဝန်းတို့ကို ပြန်မှိတ်ချသွားသည့်လူက ပြုံးစစနှုတ်ခမ်းတို့ဖြင့်။ဂျယ်ယွန်း ဟီဆွန်းအား ငုံ့မိုးကြည့်နေရင်းမှ ပြုံးမိသည်။
" ကောင်းလိုက်တာ ဒီလိုယောက်ျားလေးရှိတာ ဆုလာဘ်ပဲ "
" ခင်ဗျား အပိုတွေ သိပ်ပြောတာ "
ဂျယ်ယွန်း အပြစ်တင်သလိုလေး ရေရွတ်တော့ ဟီဆွန်းက သဘောတကျ ရယ်လာတော့သည်။ထို့နောက် မျက်ဝန်းတို့ကို ဖွင့်လို့ ဂျယ်ယွန်း၏လက်ကို ဆုပ်ကိုင်လာသည်။
" ကိုယ် သက်သာသွားပြီ မနှိပ်နဲ့တော့ "
တကယ်သက်သာသွားသလား မသိပေမယ့် ဂျယ်ယွန်းလက်ကို ဆွဲယူလို့ ခပ်ဖွဖွနမ်းလာသူက ပေါင်ပေါ်ကနေ ထမသွားသေး။ဂျယ်ယွန်း၏ လက်ဖမိုး၊လက်ဖဝါး၊ထို့နောက်မှ လက်ချောင်းလေးတွေအထိ နှုတ်ခမ်းနုနုနှင့် ဖိကပ်ကာ နမ်းနေသည်။
" ကိုယ်မင်းကို သိပ်ချစ်တာပဲ .. မင်းရဲ့အစိတ်အပိုင်းတိုင်း၊မင်းရဲ့အပြုအမူတိုင်းကို ကိုယ်မြတ်နိုးတယ် "
" ကျွန်တော့်ကို ထားသွားမှာလား "
ဂျယ်ယွန်းကို စိုက်ကြည့်နေတဲ့ လှလှပပမျက်ဝန်းတွေထဲ ပြန်ကြည့်လို့ မေးတော့ လှဲအိပ်နေသူက ထလာသည်။ထို့နောက် ဂျယ်ယွန်း၏အနားတိုးကပ်ကာ ထိုင်သည်။အိမ်ကြီးထဲမှာ ဂျယ်ယွန်းတို့နှစ်ယောက်ပဲ ရှိနေသဖြင့် ဟီဆွန်းက ပို၍ ရဲတင်းနေသည်ထင်၏။

YOU ARE READING
심
FanfictionSomeone call the doctor 난 그가 필요해 하루도 난 버틸 수 없어 벗어나고 싶지 않은 천국 같은 너 긴긴 이 덫은 아름다워 Overdose - EXO -