17

816 95 18
                                    


" ဒီနေ့ ရှင်းမ်ပါတဲ့ အပိုင်းလွှင့်မှာမလား "

ဟီဆွန်း လောလောလတ်လတ်ဖျော်လာသည့် ကော်ဖီနှစ်ခွက်ကို စားပွဲပေါ် ချရင်း မေးလိုက်သည်။တီဗီဖန်သားပြင်ပေါ်မှာတော့ We Met Again ဆိုတဲ့ အစီအစဉ်က အစပြုနေပြီဖြစ်သည်။

" အင်း "

ဒီရက်ပိုင်းမှာ သူတို့၏ဆက်ဆံရေးက အပြင်ဘက်မှ ရာသီဥတုထက်တောင် ပိုပြီး အေးစက်စက်နိုင်လေသည်။ဆောင်းဦးမရောက်သေးတဲ့ ရာသီဥတုက မိုးတိတ်သွားတဲ့အခါ ပြန်လည်ပူနွေးလာနိုင်ပေမယ့် သူတို့၏ဆက်ဆံရေးဟာ ပြန်မနွေးထွေးနိုင်။ဟီဆွန်းလည်း ကြိုးစားနေပေမယ့် ဒီရက်ပိုင်း အရာအားလုံးကို စိတ်မပါသလို ဖြစ်နေတဲ့ ဂျယ်ယွန်းကြောင့် ဒုံရင်းက ဒုံရင်းပဲဖြစ်နေသည်။

ဟီဆွန်းသက်ပြင်းချလိုက်ကာ ဂျယ်ယွန်းအနား တိုးကပ်ထိုင်ရင်း အစီအစဉ်ကို အာရုံစိုက်ဖို့ ကြိုးစားလိုက်သည်။ပတ်ခ်ဆောင်းဟွန်းကတော့ ရောက်နေပြီဖြစ်ပြီး တင်ဆက်သူနဲ့ စကားဖောင်ဖွဲ့နေသည်။

မျက်နှာပေါ်မှာ မှဲ့နက်ကလေးတွေနဲ့ အမျိုးသမီးတိုင်းရဲ့ မင်းသားလေး ပတ်ခ်ဆောင်းဟွန်းတဲ့ ..

စာတန်းထိုးပေးထားသည်ကို ကြည့်ပြီး ဟီဆွန်း ကိုယ့်မျက်နှာကိုယ် ပြန်စဉ်းစားကြည့်မိသည်။ရှင်းမ် စိတ်မဝင်စားလို့ ကိုယ့်ကိုယ်ကိုယ် စိတ်မဝင်စားခဲ့ပေမယ့်လည်း ဟီဆွန်းမှာလည်း ပတ်ခ်ဆောင်းဟွန်းထက် မလျော့တဲ့ ချောမောမှုမျိုးရှိသည်ဟုထင်သည်။သို့ပေမယ့်လည်း ဘာအသုံးဝင်မှာလဲ။ဂျယ်ယွန်းက ဟီဆွန်းကိုမှ မချစ်တာ။

အစီအစဉ်တစ်ခုလုံးကို ဟီဆွန်းရော ဂျယ်ယွန်းပါ ငြိမ်သက်စွာ ထိုင်ပြီး ကြည့်ခဲ့ကြသည်။ပတ်ခ်ဆောင်းဟွန်းကို ပွေ့ဖက်လိုက်တဲ့ ဂျယ်ယွန်း၊ပတ်ခ်ဆောင်းဟွန်းကို ပြုံးကြည့်နေတဲ့ ဂျယ်ယွန်း၊ဂျယ်ယွန်းက ပတ်ခ်ဆောင်းဟွန်းရဲ့ အကြောင်းတွေကို မှတ်မိနေတုန်းပဲ။အဖြေတွေကို မှန်အောင် ဖြေနိုင်နေဆဲပဲ။ပျော်ရွှင်စွာ ပြုံးရယ်နေတဲ့ ဂျယ်ယွန်းက သိပ်လှနေတာကိုတော့ ဟီဆွန်း ဝန်ခံရမည်။

심 Where stories live. Discover now