21

1.4K 125 29
                                    


ဂျယ်ယွန်း ကုတင်ပေါ် လှဲနေရာမှ စိတ်ထဲ ဘယ်လိုမှ နေလို့မရတော့သည်မို့ ထထိုင်လိုက်မိတော့သည်။မနက်သုံးနာရီခန့်ရှိနေပြီဖြစ်ပြီး ဂျယ်ယွန်း၏အတွေးများဟာ ရပ်တန့်၍ မရပါပေ။

ဒီရက်ပိုင်း ဟီဆွန်းက အရမ်းကိုမှ ထူးဆန်းနေသည်။ခါတိုင်း ရေချိုးခန်းထဲကနေ ထွက်လာရင် အင်္ကျီမဝတ်ဘဲ ဂျယ်ယွန်းကို ဆွဲဆောင်နေကျလူက အခုရက်ပိုင်း အထိမခံဖြစ်နေလေသည်။ဟိုနေ့ကဆိုလည်း ဂျယ်ယွန်း အဝတ်လဲခန်းထဲ ဝင်လာတော့ ခန္ဓာကိုယ်ကို အလျင်အမြန်ကွယ်လိုက်သည်က ဂျယ်ယွန်းကို စိတ်ခုစေသည်။ပြီးတော့ ဒီရက်ပိုင်း ဂျယ်ယွန်းကို ဖက်တွယ်ပြီးကပ်နေတာမျိုးလည်း သိပ်မရှိပါပေ။

အတွေးထဲ ထပ်ဝင်လာသည်က နှုတ်ခမ်းနီဘူး .. ။တကယ်ကြီးများ တခြားတစ်ယောက်ရှိနေတာလား။ဂျယ်ယွန်းကို စိတ်ကုန်နေပြီလား။ဂျယ်ယွန်းက သဘောကျတယ်လို့ပြောလိုက်လို့ ခု ပစ်သွားချင်နေပြီလား။

" .. ရှင်းမ် .. ဘာဖြစ်လို့လဲ "

အိပ်ချင်မူးတူးဖြင့် ဟီဆွန်းက ဂျယ်ယွန်း ထိုင်နေသည်ကို မြင်တော့ မျက်လုံးများကို ပွတ်ပြီး လှဲနေရာမှ ထလာသည်။

" တစ်ရေးနိုးတာလား .. အိပ်မပျော်လို့လား "

ဟီဆွန်းက မွေ့ရာပေါ်ထောက်ထားသည့် ဂျယ်ယွန်း၏ လက်ကလေးများကို အုပ်မိုးလို့မေးလာခဲ့သည်။ဂျယ်ယွန်း ထိုအပြုအမူကို ကြည့်နေရင်းနှင့်ပင် တခြားအကြောင်းအရာများကို မတွေးမိဖို့ မထိန်းချုပ်နိုင်။တခြား မိန်းမတစ်ယောက်ကို ကြင်နာနေမယ့် ပုံစံကို ဂျယ်ယွန်း တွေးမိရုံနှင့် နှလုံးသားအတွင်းထဲမှ အောင့်တက်ကာ နာကျင်လာခဲ့သည်။

" အိပ်မက်ဆိုးမက်လို့လား .. နွားနို့ပူပူလေးသောက်မလားဟင် ဖြေပါဦး အချစ်ရဲ့ "

ဂျယ်ယွန်း၏ လက်ကလေးအား ဆွဲယူကာ မေးလာတော့ ဂျယ်ယွန်း ထိုလက်ကို ပြန်ရုန်းလိုက်မိသည်။ထိုအခါမှ ဟီဆွန်းက တစ်ခုခုမှားနေတာကို သတိထားမိသွားပုံပေါ်သည်။

" ဘာလို့လဲ ရှင်းမ် "

" ခင်ဗျား .. ကျွန်တော့်ကို မချစ်တော့ဘူးမလား "

심 Donde viven las historias. Descúbrelo ahora