12

490 81 4
                                    


" ဟွန့် "

အီဟီဆွန်းက မနက်စာစားဖို့ စားပွဲမှာ ဝင်ထိုင်လိုက်သည်ဆိုရင်ပဲ ဂျယ်ယွန်း နှာခေါင်းရှုံ့မိလိုက်သည်။ပြီတီတီနဲ့ အီဟီဆွန်းကို ကြည့်လို့ကို မရပါပေ။အခုလည်း ဂျယ်ယွန်းက အီဟီဆွန်းကို ကြည့်မနေပါသလို ကိုင်ထားတဲ့ iPad ကိုပဲ အာရုံစိုက်နေတာဖြစ်သည်။မသိရင် iPad ထဲက တစ်ခုခုကို နှာခေါင်းရှုံ့လိုက်သလိုမျိုး။

" ရှင်းမ် ဒီနေ့ ဘယ်သွားဖို့ရှိလဲ "

" ရှင်းအာနဲ့ အပြင်သွားမလို့ ချိန်းထားတယ် "

ဂျယ်ယွန်းကို ကြည့်ကာမေးလာမှန်းသိပေမယ့် ဂျယ်ယွန်းကတော့ အကြည့်ပြန်မပေးဘဲ ဖြေလိုက်သည်။အီဟီဆွန်းကို မကြည်နေပေမယ့် မကြည်နေတာကိုလည်း မသိစေချင်ပေ။ထပ်ပြီး ဂျယ်ယွန်းကို စိတ်တိုအောင်လုပ်ရင် ဂျယ်ယွန်းက အီဟီဆွန်းကို ဘာမှမပြောဘဲ ကိုင်ပေါက်ပစ်လိုက်တော့မှာ။

" ဘယ်သွားကြမှာလဲ "

" ကော်ဖီဆိုင်ထိုင်ပြီး ပန်းချီပြပွဲသွားကြည့်မလို့ "

" ကိုယ်မပါဘဲ သွားကြမှာပေါ့လေ "

အနည်းငယ် စိတ်ကောက်ချင်သည့် အသံကိုကြားတော့ ဂျယ်ယွန်း ခေါင်းကိုပဲ အသာညိတ်ပြလိုက်သည်။အီဟီဆွန်းကို ချော့ဖို့ တာဝန် .. သူ့မှာ မရှိဘူးလေ။

" ကိုယ်လည်း လိုက်ချင်တယ် "

" ခင်ဗျား အားရင် လိုက်ပေါ့ "

မနေ့ညက အီဟီဆွန်းက ဂျယ်ယွန်းအနားမှာ ထိုင်ပြီး သူ့အတွင်းရေးမှူးနဲ့ ဖုန်းပြောခဲ့တာမို့ ဒီနေ့ အရေးကြီးအစည်းအဝေးရှိကြောင်း ဂျယ်ယွန်း သိပြီးသားဖြစ်သည်။ထို့အပြင် ပြပွဲလက်မှတ်ကလည်း အစောကတည်းက sold out ဖြစ်သွားခဲ့ပြီဖြစ်သည်။

" တကယ်နော် "

" အင်း "

ဂျယ်ယွန်း လွယ်လွယ်ပဲ ခေါင်းညိတ်ပြလိုက်ကာ လက်ကျန်ကော်ဖီကို မော့သောက်လိုက်သည်။အီဟီဆွန်းကတော့ ခပ်ငြိမ်ငြိမ်ပဲ မနက်စာ ဆက်စားနေသည်။အနည်းငယ်စောနေသေးပေမယ့် ရေချိုးဖို့အတွက် ဂျယ်ယွန်း မနက်စာကို အပြီးသတ်လိုက်တော့သည်။

심 Where stories live. Discover now