15

947 102 9
                                    


" ဖက်ထုပ်ဆိုင်ကို မောင်းလိုက်တော့မယ်နော် ရှင်းမ် .. ဗိုက်အရမ်းဆာနေပြီလား "

ခုနက ဘာမှမဖြစ်ခဲ့သလိုမျိုး ဟီဆွန်း သူတို့ကြားက လေထုကို အတတ်နိုင်ဆုံး အဆင်ပြေအောင် ကြိုးစားနေမိသည်။မေမေ့ကြောင့် သူနဲ့ဂျယ်ယွန်းကြား အဖုအထစ်မဖြစ်ချင်။

" တော်ပါပြီ .. အိမ်ပဲမောင်းလိုက်ပါတော့ စားချင်စိတ်လည်းမရှိတော့ဘူး "

" ရှင်းမ် ဗိုက်ဆာနေတာမလား ဗိုက်အောင့်မှာပေါ့ ကျန်းမာရေးထိခိုက်လိမ့်မယ်လေ "

" တော်ပြီ "

ဂျယ်ယွန်းက စိတ်ကောက်နေတဲ့ကလေးလိုမျိုး ဆက်တိုက်ငြင်းလာတော့သည်။ဟီဆွန်းကလည်း စိတ်ပူတာမို့ ချော့ပြောနေရသည်။

" ကိုယ်လည်း ဗိုက်ဆာတယ် ရှင်းမ်ရယ် .. နော် ဝင်စားကြရအောင်ပါ "

" ဒီမျက်နှာတွေနဲ့ ဘယ်လိုဝင်စားကြမှာလဲ "

ဟီဆွန်းက ကိစ္စမရှိပေမယ့် ပါးတစ်ဖက်နီနေတဲ့ ဂျယ်ယွန်းအဖို့ လူကြားထဲသွားဖို့က ရှက်စရာဖြစ်နေသည်ထင်၏။ဂျယ်ယွန်းမှာ ဟီဆွန်းက ရေခဲအိတ်လေး ဂရုတစိုက်ကပ်ပေးလို့ အရောင်ကျသွားတာပင် မနေ့ကမှဖြစ်သည်။အိမ်ရောက်မှ ဟီဆွန်း သေချာလေးကြည့်ပြီး ရေခဲအိတ်ကပ်ပေးရပြန်ဦးမည်။

" အဲ့တာဆို ပါဆယ်ဝယ်လိုက်မယ် "

" ပါဆယ်က စားလို့မှ မကောင်းတာကို "

ဆောင့်အောင့်ကာ ပြောလာတဲ့ စကားကြောင့် ဟီဆွန်းပြုံးလိုက်မိသည်။ခုနက ဘာမှမဖြစ်ခဲ့သလိုမျိုး သူတို့ကြားမှာ ပြန်လည်နွေးထွေးလာသည်။ခုချိန်ထိ ဟီဆွန်း၏ ပါးတစ်ဖက်က ပူကာ ထုံနေဆဲဖြစ်ပေမယ့်လည်း .. ။

" ဟော ဂျစ်တိုက်လိုက်တာ ရှင်းမ်ဂျယ်ယွန်းက "

ဟီဆွန်း ဆိုင်အနီး လမ်းဘေးမှာ ကားကို ရပ်ပြီး ပြောလိုက်တော့ မျက်စောင်းလေးက အမှောင်ထဲမှာ လင်းလက်စွာ လွင့်လာသည်။ဟီဆွန်း ထိုပုံစံလေးကို ချစ်လွန်း၍ မျက်နှာလေးကို ဆွဲပြီး ပါးလေးကို နမ်းလိုက်မိသည်။

" အ .. "

" ဘာလို့လဲ ရှင်းမ် ဘာဖြစ်တာလဲ "

" အရိုက်ခံထားရတဲ့ဘက်ကြီး "

심 حيث تعيش القصص. اكتشف الآن