11

908 112 6
                                    


ဟီဆွန်း ဘွဲ့ယူဖို့အတွက် နောက်ဆုံးစာတမ်းတင်ပြီး အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ စိတ်ပေါ့ပါးစွာဖြင့် အပြင်ဘက်မှ မြင်ကွင်းများကို ငေးနေမိသည်။သူ့အနားမှာ အချိန်အတော်ကြာ လိုက်ရှုပ်နေတဲ့ အိမ်နီးချင်းကလေးမလေးကလည်း ဒီနေ့မှာပဲ တက္ကသိုလ်တက်ဖို့ တခြားနိုင်ငံကို ထွက်သွားခဲ့ပြီလေ။ထို့အတွက်ကြောင့် ဟီဆွန်းပိုပြီး ပျော်နေမိသည်။

အနောက်ခုံမှနေ ရှေ့ကားမှန်ကို အကြည့်ရောက်မိတော့ မလှမ်းမကမ်းမှာ ကောင်လေးတစ်ယောက် အလောတကြီးပုံဖြင့် Taxi တားနေလေသည်။ဒီလမ်းက Taxi ဝင်ခွင့်မရှိတာမို့လို့ ဟီဆွန်း ရှေ့ခန်းမှ ဒရိုင်ဘာကို လှမ်းပြောလိုက်သည်။

" ဦးလေး .. အရှေ့က ကားတားနေတဲ့ ကလေးရှေ့မှာ ရပ်ပေးလိုက်ပါ အကူအညီလိုနေတယ်ထင်တယ် "

" ဟုတ်ကဲ့ အစ်ကိုလေး "

ထိုကောင်လေးဘေးမှာ ကားကို ရပ်ပေးတော့ ဟီဆွန်း တံခါးဖွင့်ကာ ဆင်းလိုက်သည်။ထိုကောင်လေးက မျက်ရည်အရွှဲသားဖြင့် ဟီဆွန်းကို မကြည့်။ Taxi များကိုသာ ရှာနေပုံပေါ်သည်။ဒီလမ်းက Taxi မဝင်ရတာကိုလည်း သိပုံမပေါ်ပေ။

ဟီဆွန်းနားရွက်လောက်ထိပဲ အရပ်ရှိကာ ဆံပင်အညိုရောင်အုပ်အုပ်ကလေးများဖြင့် ကျောပိုးအိတ်ကလေးကိုလည်း လွယ်ထားသည်က အထက်တန်းကျောင်းသားပုံစံလေးပင်ဖြစ်သည်။ချစ်စရာကောင်းသည်ကိုတော့ ဟီဆွန်း သတိပြုမိလိုက်သည်။

" ဒီမှာ .. ကလေးလေး ဒီလမ်းက Taxi မလာဘူး ဘယ်သွားချင်တာလဲ ကိုယ် လိုက်ပို့ပေးမယ် "

ဟီဆွန်း ထိုကလေး၏ ပခုံးကိုအသာပုတ်၍ ခေါ်လိုက်ကာ ပြောလိုက်တော့ တွေဝေနေပုံပင်မရဘဲ ခေါင်းညိတ်ပြလာသည်။မျက်ရည်များလည်း ပွတ်သုတ်ကာ ရှိုက်နေရင်း နေရာပြောပြပေးလာသည်။

심 Donde viven las historias. Descúbrelo ahora