ဂျောင်ဝန်းတို့၏ ခြံရှေ့ရောက်တော့ ခြံတံခါးက အလိုအလျောက်ပဲ ပွင့်လာသည်။ဂျောင်ဝန်းကို ပြောထားတဲ့အချိန်ထက် နောက်ကျနေပြီဖြစ်ပေမယ့်လည်း နောက်ကျမည်ဖြစ်ကြောင်း ကြိုအကြောင်းကြားထားတာမို့လို့ စိတ်ပူစရာတော့မရှိပေ။" ဟျောင်း "
ကားပေါ်က ဆင်းဆင်းချင်း ဂျောင်ဝန်းက အိမ်ထဲမှ ပြေးထွက်လာကာ ဂျယ်ယွန်း၏ လက်ကို လာဆွဲလို့ ခေါ်လာလေသည်။ရွှင်လန်းနေတဲ့ မျက်နှာလေးကို ကြည့်ခြင်းအားဖြင့် ပတ်ခ်ဂျေးက ဘယ်လောက်တောင် ပျော်ရွှင်အောင်ထားလဲသိနိုင်လေသည်။ချစ်စရာကောင်းလွန်းတာကြောင့် ဂျယ်ယွန်း ဂျောင်ဝန်း၏ ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်မိသည်။
" ဟျောင်း သွားလိုက်တာ အကြာကြီးပဲ ကျွန်တော် လွမ်းနေတာ .. အခု ဟျောင်းတို့အတွက် ဂျေးဟျောင်းက ညနေစာပြင်ပေးနေတာ တစ်ခါတည်းစားသွားနော် .. ဟို ဟီဆွန်းဟျောင်းလည်း ဝင်ပါခင်ဗျ "
ဂျောင်ဝန်းနဲ့က နည်းနည်းစိမ်းပုံရတာမို့ ဂျောင်ဝန်းက အနောက်ကနေ အထုပ်အပိုးတွေနဲ့ ပါလာတဲ့ အီဟီဆွန်းကို လှည့်ကာ ခေါ်သည်။ဂျယ်ယွန်းကတော့ လှည့်တောင် မကြည့်မိပါပေ။အခုချိန် စကားတောင် ပြောချင်စိတ်မရှိသလို ဖြစ်နေသည်။
" ဟို လက်ထဲက အထုပ်တွေ ဒီမှာပဲ ချလိုက်ပါနော် လေးမယ်ထင်တယ် .. မဟုတ် ကျွန်တော် ကူဆွဲပေးရမလား "
ဂျောင်ဝန်းက အိမ်ရှင်ပီသချင်နေ၍ ကလေးလေးလိုမျိုး ပျာယာခတ်နေလေသည်။ဂျယ်ယွန်း ဂျောင်ဝန်း၏ လက်ကလေးကို ဆွဲထားလိုက်သည်။
" ရတယ် ကိစ္စမရှိဘူး .. ဟျောင်းကို ပြစရာရှိတယ်ဆို "
" အာ ဟုတ်သား ကျွန်တော်နဲ့ အပေါ်လိုက်ခဲ့နော် .. ဂျေးဟျောင်းက မီးဖိုခန်းထဲမှာရှိတယ် ဟီဆွန်းဟျောင်း .. တည့်တည့်ဝင်သွားပြီး ညာဘက်ချိုးလိုက်ရုံပဲ "
ဂျောင်ဝန်းက အီဟီဆွန်းကို လမ်းညွှန်ပေးပြီး ဂျယ်ယွန်းကိုတော့ လက်ဆွဲကာ အိမ်အပေါ်ထပ်ကို ခေါ်သွားလေသည်။အိမ်က နှစ်ယောက်တည်းအတွက် အတော်ကျယ်ကာ ပစ္စည်းများကလည်း သပ်သပ်ရပ်ရပ်ရှိသည်။သေချာတာကတော့ ပတ်ခ်ဂျေးဆိုသူက အထိန်းအသိမ်းတော်၍ပဲ ဖြစ်လိမ့်မည်။ဂျယ်ယွန်းသိသလောက် ဒီကလေးက ကလေးပဲမို့လို့ အိမ်ထိန်းသိမ်းသည့်ကိစ္စတွေလည်း သိမည်မထင်ပေ။
YOU ARE READING
심
FanfictionSomeone call the doctor 난 그가 필요해 하루도 난 버틸 수 없어 벗어나고 싶지 않은 천국 같은 너 긴긴 이 덫은 아름다워 Overdose - EXO -