26

1K 108 54
                                    


နမ့်ဆန်တာဝါပေါ်က စိုစွတ်နွေးထွေးသည့်အနမ်းများကို အဆုံးသတ်ပြီး သူတို့နောက်ထပ်တစ်နေရာထွက်ခဲ့သည်။မိနစ်အနည်း ကားစီးပြီးတော့ ဟီဆွန်းက ဂျယ်ယွန်းကို ဂရုတစိုက် လက်ဆွဲကာခေါ်သည်။သူတို့အခု ဆိပ်ကမ်းတစ်ခုကို ရောက်နေကြတာဖြစ်သည်။

" Bae လှိုင်းမမူးတတ်ဘူးမလား "

" အင်း "

" Cruise ပေါ်မှာ ညစာစားဖို့စီစဉ်ထားတယ် "

ဂျယ်ယွန်း၏ရှေ့မှာ မီးသီးများဖြင့် လှလှပပ အလှဆင်ထားသည့် အတော်အတန်ရှည်လျားတဲ့ cruise ရှိနေသည်။ဂျယ်ယွန်း ဟီဆွန်း၏လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း cruise ပေါ်တက်ခဲ့လိုက်သည်။

" အကုန်ကြိုစီစဉ်ထားတာပဲ .. ကျွန်တော်သာ မသွားဘူးဆို ဘယ်လိုလုပ်ကြမလဲ "

" ရှင်းမ်က ကိုယ့်ကို ချစ်တာ ကိုယ်သိတယ်လေ "

ယုံကြည်ချက်အပြည့်ဖြင့် ပြောလာတော့ ဂျယ်ယွန်း ခေါင်းလေးကို အသာခါယမ်းမိပါတော့သည်။ Cruise ပေါ်ရှိ တစ်ခုတည်းသော စားပွဲပေါ်မှာ ဝိုင်ပုလင်းနှင့် ဝိုင်းခွက်ကသာ အရင် နေရာယူထားလေသည်။ခပ်ဖြည်းဖြည်းထွက်ခွါနေပြီဖြစ်တဲ့ သင်္ဘောကြောင့် လေပြည်လေးတွေက ခပ်အေးအေး ခပ်ဖြည်းဖြည်းတိုက်ခတ်နေသည်။ထို့အပြင် နေရာအနှံ့ရှိနေတဲ့ နှင်းဆီပန်းနီနီလေးတွေဆီမှ အနံ့ကိုလည်း ရနေသေး၏။

ဟီဆွန်းက ဂျယ်ယွန်းကို ထိုင်ခုံဆွဲထုတ်ပေးကာ ထိုင်စေသည်။ထို့နောက်မှ ဝိုင်ပုလင်းကို ဖောက်လို့ ဝိုင်နီများကို ဂျယ်ယွန်း၏ ဖန်ခွက်ထဲထည့်ပေးလာသည်။ပြီးမှ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည်။

" ရှင်းမ် ကြိုက်ဖို့မျှော်လင့်ပါတယ် ကိုယ် သေချာလေး အချိန်ပေးပြီးရွေးထားတာ "

ဂျယ်ယွန်း ဝိုင်ကို မြည်းစမ်းသောက်ကြည့်ပြီး ကောင်းမွန်သည့်အရသာကြောင့် ခေါင်းလေး တဆတ်ဆတ်ညိတ်ပြမိသည်။တစ်ဆက်တည်း ထိုဝိုင်ပုလင်းကို ဆွဲယူကြည့်မိသည်။ဂျယ်ယွန်းက အရသာကောင်းသည့် ဝိုင်များကို စုဆောင်းရတာ ဝါသနာပါသည်လေ။

" အရမ်းကောင်းတယ် .. ကျွန်တော်လည်း စတူဒီယိုမှာ တစ်ပုလင်းလောက် ဝယ်ထားဦးမယ် "

심 Where stories live. Discover now