(11)မင်းကိုမကြိုက်ဘူး

733 106 7
                                    


11: မင်းကိုမကြိုက်ဘူး

လင်းချွမ်က ဘာမှပြန်မပြောလာပါဘဲ မနီးမဝေးမှသစ်ပင်အောက်မှာသာ ရပ်နေရင်း  ဆေးလိပ်သောက်နေခဲ့တယ်။

အမျိုးသားတွေက ဆေးလိပ်နေချိန်မှာ ပိုပြီး ယောကျ်ားပီသတယ်ဆိုတာကိုတော့ ထည့်ပြောနေစရာမလိုတဲ့အချက်ပဲ။ ဒီလူသာ မိန်းကလေးတွေနဲ့ ဆက်ဆံတဲ့အချိန်မှာ ပိုပြီး ညင်သာသိမ်မွေ့မယ်ဆိုရင်တော့ ပိုကောင်းလိမ့်ယ်။

ဒါပေမယ့် တွေးကြည့်ရင် တခြားသူတွေ အပေါ် ဂရုမစိုက်တာကလည်း အကြောင်း မှားနေတာတော့မဟုတ်ပါဘူး။ သူမက ထိုသူ တောင်ပေါ်မှ ကယ်တင်ပေးခဲ့တဲ့ သူစိမ်းတစ်ယောက်ပဲလေ။ သူသာ သိမ်မွေ့ချင်တယ်ဆိုရင် ဇာတ်လိုက်မကိုပဲ နူးညံ့သိမ်မွေ့စွာ ဆက်ဆံမှာပေါ့။

ဇာတ်လိုက်မရဲ့အကြောင်းကိုတွေးနေစဥ်မှာပဲ ဇာတ်လိုက်မက တစ်ဖက်မှ လာနေခဲ့တယ်။  သူမနဲ့အတူ အမျိုးသမီးပညာတတ်လူငယ် နှစ်ယောက်ပါ ပါလာတယ်။

ထို့နောက်မှာတော့ သူတို့တွေက လင်းချွမ်မှ  ဇာတ်လိုက်မကို လမ်းတစ်ဝက်မှာ လာစောင့်နေတယ်လို့ အထင်မှားသွားကြပုံရတယ်။ ထိုနေရာမှာ သူ့ကိုမြင်ပြီးနောက် ရယ်မောရင်းနဲ့ ထွက်သွားကြလေတယ်။ ဇာတ်လိုက်မသည်လည်း  ရှက်ရွံ့စွာပြုံးရင်း လင်းချွမ်ဆီကို လျှောက်လာခဲ့တယ်။

"ချွမ်ဇီ ရှင် ကျွန်မနဲ့ လုပ်စရာတစ်ခုခုရှိနေလို့လား"

လင်းချွမ်က ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်တယ်။

"မရှိဘူး"

ကောင်းပြီ။ ဆုဆုတစ်ယောက် သူမရဲ့မျက်လုံးတွေကို ကောင်းကင်ကြီးကို မြင်ရလောက်တဲ့အထိ လှန်လိုက်မိတယ်။ သူ့ရဲ့ ဒီလိုသဘောထားနဲ့ဆိုရင် ဇာတ်လိုက်မက သူ့ကို ကြိုက်တာကမှ ထူဆန်းလိမ့်မယ်။ အေးစက်ပြီး ခက်ခဲလွန်းတယ်!

"အိုး ကျွန်မက ရှင် ကျွန်မနဲ့ လုပ်စရာ တစ်ခုခုရှိနေလို့ စောင့်နေတာလို့ ထင်ခဲ့တာ... ချွမ်ဇီ ကျွန်မတို့လက်ထပ်ပွဲအတွက်အချိန်က နည်းနည်းမှားနေတယ်လို့ ရှင်မထင်ဘူးလား.. ရှင်ဘာလို့ ရှင့်ရဲ့မိသားစုနဲ့  မဆွေးနွေးတာလဲ..."

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now