(6)လက်ထပ်ဖို့

1.1K 182 1
                                    

6: လက်ထပ်ဖို့

တစ်ဖက်မှာရှိနေတဲ့ ဆုဆုကတော့ စကားလမ်းကြောင်းတွေက လင်းချွမ်နဲ့ ဇာတ်လိုက်မတို့ရဲ့ လက်ထပ်ပွဲဆီကိုရောက်သွားလိမ့်မယ်လို့ မထင်မှတ်ထားထဲ့ဘူး။ ဒီအမျိုးသား အရံဇာတ်ကောင် အခုတစ်ခေါက် ပြန်လာတာက ဇာတ်လိုက်မနဲ့ လက်ထပ်ဖို့အတွက်ဖြစ်နိုင်လောက်လား။

တကယ်ကို ဖြစ်နိုင်တာပဲ။

ဒီလက်ထပ်ပွဲ ဖြစ်မြောက်သွားတာနဲ့ အရံဇာတ်ကောင်ရဲ့ နေ့ရက်တွေက ပိုပိုပြီး ခက်ခဲလာတော့မှာ။ ပထမအချက်က သူ နဲ့ ဇာတ်လိုက်မတို့က တည်ခင်းဧည့်ခံပွဲသာလုပ်ခဲ့ပြီး လက်ထပ်စာချုပ်မရှိခဲ့ဘူး။

ဒီနေ့ခေတ်မှာ လူတိုင်းက ထိုသို့အလေ့အထမျိုးကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး အထူးသဖြင့် ကျေးလက်ဒေသတွေဘက်မှာ အရက်တွေနဲ့ ဧည့်ခံသရွေ့ ထိုလက်ထပ်ပွဲကိုဖြစ်မြောက်တယ်လို့ သတ်မှတ်ခဲ့ကြပြီး စာချုပ်စာတမ်းနဲ့ ပတ်သက်လို့ လုပ်ဆောင်နေစရာမလိုအပ်ဘူး။

ဒါကြောင့် ဇာတ်လိုက်မက နောင်တစ်ချိန်မှာ သူမအနေနဲ့  ဘယ်တုန်းကမှ လက်မထပ်ခဲ့ဖူးဘူး ဆိုတဲ့စကားကို ပြောနိုင်ခဲ့ပြီး အရံဇာတ်ကောင်ကတော့ ရွာထဲမှာ အိမ်ထောင်ကွဲတစ်ယောက်အဖြစ် သတ်မှတ်ခံလိုက်ရလိမ့်မယ်။

ဒါတွေကြောင့်ပဲ နောက်ပိုင်းမှာ ငယ်ရွယ်သေးတဲ့ မုဆိုးမတစ်ယေောက်နဲ့ လက်ထပ်ရဖို့ဖြစ်လာခဲ့တာပဲ။

ဒီအချက်အလက်တွေက အရေးမကြီးသေးဘူး။ အဓိကကျတဲ့ ဇာတ်ကွက်ကတော့ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့က လင်းချွမ်ရဲ့နောက်ကွယ်မှာ ကလေးရလာခဲ့တာပဲ။

တစ်လကျော်လောက်ကြာပြီးနောက်မှာ ဇာတ်လိုက်မက တစ်စုံတစ်ခုမှားယွင်းနေတာကို ရိပ်မိလာပြီး အမေလင်းရဲ့နေမကောင်းမှုကို အခွင့်ကောင်းယူကာ လင်းချွမ်ကို အရက်မူးသွားအောင်တိုက်ခဲ့ပြီး သူမရဲ့အဝတ်အစားတွေကို ချွတ်ကာ လင်းချွမ်နဲ့ တစ်ညအိပ်ခဲ့သလို ဟန်ဆောင်ခဲ့တယ်။

ထိုညပြီး နောက်တစ်နေ့မနက်မှာတော့ လင်းချွမ်က ခွင့်ရက်ကုန်သွားတာကြောင့် စစ်တပ်ဆီသို့ ပြန်သွားခဲ့ရတယ်။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now