24: စနောက် ကျီစယ်ခြင်း

990 168 2
                                    

24: စနောက် ကျီစယ်ခြင်း

အမေလင်းက သူ့သားအတွက် အရာရာတိုင်းကို တွေးတောတတ်တဲ့ မိခင်ကောင်းတစ်ယောက်လို့ ဆိုနိုင်တယ်။

"ဒါဆို နာရီမဝယ်နဲ့ ..အပ်ချုပ်စက်ဝယ်ရအောင်"

အမေလင်းက  ဆုဆုကို တခြားလူတွ မစော်ကားနိုင်ဖို့အတွက် တွေးတောပေးခဲ့တယ်။  နောက်ဆုံးမှာ သူမက သူ့သားကို အတွေးရှိခဲ့တာဆိုရင်တောင် လင်းမိသားစုအတွက်လည်း မျက်နှာဆယ်ပေးခဲ့တာပဲလေ။ သူမကြောင့်သာ မဟုတ်ဘူးဆိုရင် သူမရဲ့ငတုံးသားလေးက တခြားလူတွေထံမှာ ကြိမ်းမောင်းပြောဆိုခြင်းကို ခံနေရလောက်ပြီ။

လင်းချွမ်က ချက်ချင်းခေါင်းညိတ်ပြီး သဘောတူလိုက်တယ်။ ဒါကိုရဖို့က နည်းနည်းတော့ခက်ပေမယ့် ဒီတစ်ကြိမ်တော့ ရအောင်ယူသင့်တယ်..။

"မား .. အပ်ချုပ်စက်က ရှားပါးလာလို့ လူတန်းရှည်ကြီး ဖြစ်မှာကိုတော့ စိုးရတယ်"

ထို့နောက် ဆုဆုဆီသို့ အားနည်းတဲ့လေသံနဲ့  လှမ်းပြောလာခဲ့တယ်။

"ကိုယ် မင်းကို မကြာခင်တစ်ခုရအောင် လုပ်ပေးမယ်နော် ဟုတ်ပြီလား"

ဒါက ကြင်စဦးဇနီးမောင်နှံများအတွက်တော့ ကြီးမားသောကိစ္စပဲ။ လက်ဖွဲ့အတွက်ပစ္စည်းကို ဝယ်ယူဖို့ နှောင့်နှေးနေတယ်ဆိုတာက သတို့သမီးကို လေးစားမှုမရှိဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးဖြစ်စေတယ်လေ။

ဒါပေမယ့် ဆုဆုကတော့ ထိုအရာတွေကို ဂရုမစိုက်လေဘူး။ သူမက အပ်ချုပ်စက်ကို ဘယ်လိုသုံးရမှန်းကိုလည်း မသိသေးတဲ့အတွက် လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်တယ်။

"ရပါတယ်.. ကျွန်မ အရေးတကြီး မလိုအပ်ပါဘူး"

“ဟေး သမီးလေး မင်း ဘာလို့ ဒီလိုပြောရတာလဲ..."

သူမက အလွန်ကို သတိကင်းမဲ့လွန်းပြီး သူ့ကိုယ်သူ လုံး၀ မတွေးလေဘူး။

အမေလင်း တွေးနေတာတွေကို ဆုဆုက မမြင်ဘဲ ဘယ်နေပါ့မလဲ။ ဒါပေမဲ့ သူမအတွက်တော့ ဒါတွေကို ငြင်းလို့မရနိုင်ဘူးလို့ ထင်နေလို့သာ လက်ခံရမှာလေ။ ဒါကို သူမက ဘာအတွက် တိုက်ခိုက်နေရမှာလဲ။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now