21: ငါတို့ လက်ထပ်မှာမဟုတ်ဘူး

1.1K 170 2
                                    

21: ငါတို့ လက်ထပ်မှာမဟုတ်ဘူး

ချင်ယွဲ့ယွဲ့: "ဘယ်လိုလုပ်  ဖြစ်နိုင်မှာလဲ.. အခုပြသနာက နင်နဲ့ဘာမှမဆိုင်တဲ့ ငါတို့မိသားစုရဲ့အိမ်တွင်းရေးပဲ.. ဒါ့အပြင် အခုက ငါတို့ မိသားစုရဲ့ပြသနာပဲ"

ချင်ယွဲ့ယွဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ပြောလိုက်တယ်။ ဒါက သူမရဲ့ အနာဂတ်နှင့် ဆက်စပ်တာလေ။

သူမကို အဝေးသို့ နှင်လွှတ်နေရတဲ့အကြောင်းပြချက် က တစ်ဖက်လူရဲ့လုပ်ရပ်တွေက သူမကို ခြိမ်းခြောက်နေလိုပဲ။

လိမ္မာပါးနပ်လွန်းပြီး အဓိကအချက်ကို ကောင်းကောင်း ဖမ်းဆုတ်နိုင်ခဲ့တယ်။

သူမက အလွန်သနားစရာကောင်းနေပုံရတဲ့အတွက် ဆုဆုကိုထွက်သွားခိုင်းပြီးရင်လူတိုင်းက သူမကိုသနားတဲ့အတွက်ကြောင့် သူမဘက်ကို ပြန်ပါလာနိုင်တယ်။

အမေလင်း: “ဘာကိစ္စရှိနေသေးလို့လဲ.. နင်က လက်ထပ်ပွဲဖျက်တာကို မလိုချင်လို့ ခုချက်ချင်း လက်ထပ်ချင်နေတာလား"

"မဟုတ်ဘူး ..ဒါမှမဟုတ် ကျောင်းကို သတင်းပို့တဲ့အထိ စောင့်မယ်ဆိုရင်ရော"

သူမက လက်ထပ်ပွဲကို ဖျက်ပြီးသွားရင် လင်းမိသားစုက သူမကို အခွင့်ကောင်းယူခွင့် မပေးတော့ကြောင်းကို ချင်ယွဲ့ယွဲ့ သိနေတယ်။ ဒီအချိန် ရွာထဲမှာ သူမရဲ့ ဂုဏ်သတင်းက မဆိုးရွားသွားဘူးဆိုပေမဲ့  လင်းမိသားစုရဲ့ ပံ့ပိုးကူညီမှုသာ မရှိဘူးဆိုရင် လာမယ့်နွေဦးရာသီမှာ သူမ အလုပ်လုပ်ရမဲ့ ကံကြမ္မာကနေ လွတ်မြောက်နိုင်တော့မှာမဟုတ်ဘူး။ သူမ အချိန်ခဏလောက်ထပ်ပြီး ရွှေ့ဆိုင်းထားရမယ်။  ကောလိပ်တက်ပြီး ဒီနေရာကနေ ထွက်သွားနိုင်သရွေ့အရာအားလုံးက လွယ်ကူသွားလိမ့်မယ်။

"ချင်ယွဲ့ယွဲ့ ငါတို့က လက်ထပ်ပွဲကို ဖျက်သိမ်းပြီးသွားပြီ"

လင်းချွမ်က တစ်ဖက်လူမှ ငြင်းဆိုလာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး။ သူမက ထပ်မံပြီး လက်ထပ်ပွဲကို ရွှေ့ဆိုင်းဖို့ ပြောလာပြန်ပြီ။

"အဆုံးသတ်ကျရင် မင်းက လက်မထပ်ချင်ဘူး ဟုတ်တယ်မဟုတ်လား"

အမေလင်းက သေချာနားလည်သွားပြီ။  ဒီနေ့မှာ ဘာတွေပဲ ဖြစ်ခဲ့ပါစေ ချင်ယွဲ့ယွဲ့က  သူတို့မိသားစုနဲ့ လက်မထပ်ချင်ဘူး။ လင်းချွမ်ကိုသာ အစ်ကိုအဖြစ် အသိအမှတ်မပြုနိုင်ဘူးရင် သူမက လက်ထပ်ပွဲကိုလည်း မဖျက်သိမ်းချင်တော့ဘူး။ သူမရဲ့ နှလုံးသားထဲမှာ ဘယ်လိုတစ္ဆေသရဲတွေ ရှိနေခဲ့တာလဲ။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now