(1) လင်းချွမ်

1.9K 190 2
                                    

(1)လင်းချွမ်

ဆုဆုတစ်ယောက် ဒီနှစ် ၊ သူမရဲ့အသက် 25 နှစ်မှာပဲ မာစတာဘွဲ့ကိုရရှိခဲ့တယ်။ သူမ အလုပ်သင်ဆင်းပြီးနောက်မှာ အလုပ်ရှာဖို့အတွက် အလျင်မလိုခဲ့ပဲ ကျောင်းမှစီစဉ်ပေးလာတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ပြန်လည်ပညာပေးရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကာ ဝေးလံခေါင်ဖျားသော တောင်တန်းဒေသတွေဆီသို့ စိတ်အားထက်သန်တဲ့ လူငယ်အဖွဲ့တစ်ဖွဲ့နှင့်အတူ တစ်နှစ်တာ သင်ကြားရေးအကူအဖြစ် လုပ်အားပေးဖို့ သွားခဲ့တယ်။ 


သူမ ဒီကိစ္စအတွက် နှစ်လနီးပါးလောက်ကြိုတင် ပြင်ဆင်ထားခဲ့တာ။ နောက်ပြီး အင်တာနက်ပေါ်မှ ဆိုဒ်လွန်ကျောပိုးအိတ်ကြီးကိုလည်း အထူးတလည်ရှာထားခဲ့သေးတယ်။

အစပိုင်းမှာတော့ အရာအားလုံးက မှန်ကန်တဲ့လမ်းကြောင်းအတိုင်းသွားနေခဲ့တုန်းပဲ။ ဒါက သူမ လိုလားတောင့်တခဲ့ခဲ့တဲ့ မြို့ပြနဲ့ အဝေးမှ ဆိတ်ငြိမ်အေးချမ်းရာနေရာတွေဖြစ်ပြီး သူမရဲ့ငယ်စဥ်အချိန်တုန်းက အမှတ်တရတွေကျန်ရှိနေတဲ့ ကျေးလက်ဒေသပဲ။

သို့ပေမဲ့ သူတို့ရဲ့ဘတ်စ်ကားက ခရီးတစ်ဝက်ကို ရောက်ချိန်မှာတော့ ရုတ်တရက်ထွက်ပေါ်လာတဲ့ သိုးတွေကို ရှောင်ရှားလိုက်ရပြီး သူမသည်လည်း ကားထဲမှ ပြုတ်ကျသွားခဲ့လိမ့်မယ်ဆိုတာကို ဘယ်လိုလုပ်သိနိုင်ခဲ့မှာတဲ့လဲ။

သူမ တောင်ပေါ်ကနေပြုတ်ကျပြီး ပြင်းထန်တဲ့ရိုက်ခတ်မှုနဲ့အတူ သတိလစ်သွားခဲ့ရတယ်။

သူမ နိုးလာချိန်မှာတော့ သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေတာကို သိလိုက်ရတယ်။ သူမရဲ့အနီးပတ်ဝန်းကျင်မှာတော့ သစ်ပင်ခြုံနွယ်များနဲ့ ဖုံးလွှမ်းနေပြီး ရံဖန်ရံခါမှာ သားရဲတိရစ္ဆာန်တွေရဲ့ အူသံတွေကိုပါ  ကြောက်လန့်ဖွယ် ကြားနေရလေတယ်။

အချိန်က နေဝင်ရီတရောဖြစ်နေပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးက မှုန်ဝါးလာနေပြီဖြစ်ကာ သိပ်မကြာခင်အချိန်အတွင်းမှာ နေမှောင်လာတော့မယ်။ အခုလိုမျိုး ဒီနေရမှာပဲ ဆက်နေမယ်ဆိုရင် အန္တရာယ်အရမ်းများနေလိမ့်မယ်။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now