26: ကြိုက်နှစ်သက်မှု

990 178 5
                                    


26: ကြိုက်နှစ်သက်မှု

ဇနီးနဲ့ သားသမီးဆိုတာ ယောက်ျားတစ်ယောက်ရဲ့ တစ်သက်တာတာဝန်ပဲလို့ ပြောကြတာမဟုတ်ဘူးလား။

လင်းချွမ်တစ်ယောက် ဘာမှဆက်ပြီးမရှင်းပြတတ်တော့တာကြောင့် မြည်းလှည်းလေးကိုသာ ဆက်မောင်းနေခဲ့ပေမယ့် သူ့ရဲ့နောက်မှာရှိနေတဲ့ တိတ်ဆိတ်သွားတဲ့မိန်းကလေးကို ပျော်ရွှင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို စိတ်ထဲတွေးနေခဲ့တယ်။

လှည်းလေးက ရုတ်တရက် ထိုးရပ်သွားတာကြောင့် ဆုဆု ထူးဆန်းသွားရပြီး လှမ်းမေးလိုက်တယ်။

"ရှင်ဘာလုပ်နေတာလဲ"

သူက မြည်းကို လမ်းဘေးနားမှ သစ်ပင်မှာချည်နှောင်လိုက်ပြီး ပြောလာတယ်။

"ကိုယ့်ကို  ခဏလောက်စောင့်ဦး”

ထို့နောက် သူ့ရဲ့အပေါ်အင်္ကျီကို ချွတ်ပြီး သူမဆီကို ပေးလာခဲ့တယ်။

"ဒီအတိုင်း မသွားနဲ့လေ အေးနေတာကို"

ဆုဆု  လက်ကိုဆန့်ထုတ်ပြီး ပြောလိုက်ပေမဲ့ တစ်ဖက်လူက မကြားလိုက်သလိုမျိုး ပြေးထွက်သွားခဲ့တယ်။

ပြောရမယ်ဆိုရင် သူတို့နှစ်ယောက်တွေ့တဲ့နေ့ကစပြီး ဒီလူက အလွန်လျှင်မြန်စွာပြေးလွှားတတ်တာကို သိထားခဲ့တာ။ အခုလည်း သူက ထပ်ပြီး ပြေးထွက်သွားပြန်ပြီ။

သူ့အတွက် ဒီလိုသွားလာရတာက ပိုပြီးအဆင်ပြေလို့လား။

ဖြစ်နိုင်တယ်ဆိုပေမယ့် ဒီလောက်မြန်မြန်ကြီးပြေးလွှားစရာမလိုဘူးမလား။

သူမ မြည်းလှည်းပေါ်တွင် ဆက်ထိုင်ပြီးစောင့်နေခဲ့ကာ ပျင်းရိစွာနဲ့ မြည်းကိုတောင် တို့ထိနေလိုက်သေးတယ်။ သူတို့တွေ ဒီမြည်းကို တပ်မဟာကနေ ငှားယူခဲ့ကြတာ။

ယခုအချိန်မှာ မိသားစုတိုင်းက တိရစ္ဆာန်တွေကို မမွေးမြူနိုင်ကြသေးဘူးလေ။

မြည်းနဲ့  ဆက်သွယ်ရတာလည်း သိပ်တော့မဆိုးပါဘူး။  ဆုဆု လှည်းပေါ်ကနေဆင်းပြီး မြက်ခြောက်ကို ကောက်ယူကာ အစာကျွေးဖို့ ပြန်လာခဲ့တယ်။

မြည်းက အလွန်စိတ်ကျေနပ်သွားဟန်ရပြီး လူတစ်ယောက်နှင့် မြည်းတစ်ကောင်က  အလွန်ကောင်းမွန်စွာ ရှိနေခဲ့ကြတယ်။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now