(15) လူသုံးယောက်တည်းပဲ

1K 150 2
                                    

15: လူသုံးယောက်တည်းပဲ

ဒီဘက်ခေတ်ကာလမှာ သင်ကြားရေးအတွက် ခေတ်သစ်ကာလတွေမှာလိုမျိုး ပြဋ္ဌာန်းစာအုပ်တွေနဲ့ မသင်ကြားနိုင်သေးဘဲ အကိုးအကားတွေဖြင့်သာ သင်ကြားနိုင်သေးတယ်။ ကံကောင်းစွာနဲ့ သူမရဲ့မှော်ဆန်တဲ့ ကျောပိုးအိတ်ကြီးထဲမှာ စာအုပ်တစ်အုပ်ရှိနေခဲ့တယ်လေ။

သူမ ထိုစာအုပ်ကို ထုတ်ယူလိုက်ပြီး အလွတ်ကျက်မှတ်ဖို့ပြင်ဆင်ကာ ပထမဆုံးသင်ခန်းစာအတွက် လွယ်ကူသော စကားလုံးအချို့ကို သင်ပေးဖို့ ရွေးချယ်လိုက်တယ်။

လင်းချူအန်းက ဒီနေ့မှာတော့ ဆုဆုကို ထပ်ပြီး ရှောင်ပုန်းမနေနိုင်ခဲ့တော့ဘူး။ သူ့အနေနဲ့ ဆုဆုကို တပ်မဟာဆီသို့ လိုက်ပို့ပေးရလိမ့်မယ်။

ဒါက အမေလင်းက သူ့ကိုပေးလာတဲ့တာဝန်ဖြစ်ပြီး သူ့အနေနဲ့ငြင်းဆန်ခြင်းမလုပ်ရဲဘူး။ သူသာ လက်မခံခဲ့ဘူးဆိုရင် အမေတစ်ယောက်ရဲ့ဆုံးမစကားတွေက အတော်လေး ကြောက်စရာကောင်းလွန်းတယ်လေ။

တစ်ခါတစ်ရံမှာ လင်းချူအန်းက အမေလင်းဆီက မွေးထားတာ အမှန်တကယ်ရောဟုတ်ရဲ့လားဆိုပြီး ဆုဆု သံသယဝင်မိတယ်။ တစ်ဖက်လူက မတုံ့မလှုပ်ဖြစ်နေပေမဲ့ အမေလင်းကတော့ ရိုက်တော့မယ်လို့ပြောရင် ရိုက်ကိုရိုက်လိမ့်မယ်။ ဒါပေါ့။ သူမက အမှန်တကယ် ပြင်းထန်အောင်တော့ ရိုက်နှက်ခြင်းမရှိပါဘူး။

သူတို့နှစ်ယောက် လမ်းလျှောက်လာရင်းနဲ့ ဆုဆုက ရုတ်တရက် ထမေးလိုက်တယ်။

"အစ်ကိုချူအန်း ကျွန်မ တကယ်မေးချင်လို့ ရှင် ချင်ယွဲ့ယွဲ့ကို ကြိုက်လား"

တစ်ဖက်လူရဲ့ ခြေလှမ်းတွေက ရပ်တန့်သွားခဲ့ပြီး ရှေ့ကို ဆက်လျှောက်သွားခဲ့ပြန်တယ်။

"ရှင် ကြိုက်လား မကြိုက်ဘူးလား?"

"ဒါကိုမေးတော့ ဘာတွေများအသုံးဝင်မှာလဲ မင်းရဲ့အတန်းကိုပဲ ကောင်းကောင်းသင်လိုက်ပါ"

"သေချာပေါက် အသုံးဝင်တာပေါ့"

သူသာသူမကို မကြိုက်ဘူးဆိုရင် သူမအတွက် အခွင့်အရေးရှိနိုင်တယ်လေ။

ဒါပေမယ့် တစ်ဖက်လူက ပြန်မဖြေလာခဲ့ဘူး။ သူက သူမကို တပ်မဟာဆီသို့ ပို့ပြီးသွားတာနဲ့ အပြင်မှာရပ်ပြီး ဆေးလိပ်သောက်နေခဲ့တယ်။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now