9: အစ်ကိုလို့ခေါ်
အာ့!
ဆုဆု သူမရဲ့ နှာခေါင်းကို လက်နဲ့အုပ်ကိုင်လိုက်မိကာ ငိုလိုက်မိိတော့မလိုပဲ။
လင်းချွမ်ရဲ့ ရင်ဘတ်က ကျောက်တုံးတွေနဲ့ ထုဆစ်ထားသလိုမျိုး မာကြောလွန်းတယ်လေ။
"......"
လင်းချွမ်က လက်ပြတ်အင်္ကျီကိုပဲ ဝတ်ထားလျက်သားရှိနေသေးတယ်။ သူ့ရဲ့ အကြားအာရုံက အလွန်ကောင်းတာကြောင့် ထိုမိန်းကလေး သူ့ရဲ့အိမ်ထဲသို့ သွားပြီး အထည်လက်မှတ်တွေ ပေးနေတာကို သူ့ရဲ့ အခန်းတွင်းမှ ကြားခဲ့ရတယ်။
နယ်မြေရပ်ခြားမှ ရောက်လာခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ဆီမှ တစ်စုံတစ်ခုကို သူ မယူနိုင်တဲ့အကြောင်းကိုတွေးကာ ခန်ပေါ်မှဆင်းပြီး သူမကို တားဆီးဖို့ လုပ်ခဲ့ပေမဲ့ သူမကသူရဲ့လက်မောင်းတွေကြားထဲသို့ မတော်တဆ တိုးဝင်လာခဲ့ပြီး သူ့ရဲ့ရင်ခွင်ထဲမှာ ပွေ့ဖက်ခံလိုက်ရမယ်ဆိုတာကိုတော့ ဘယ်လိုလုပ်ကြိုသိခဲ့မှာလဲ။
သို့ပေမဲ့ သူ့ရဲ့လက်မောင်းကြားမှ ယုန်လေးလို မျက်လုံးတွေနီရဲနေတဲ့ကောင်မလေးက အလျှင်အမြန်ပြန်ထွက်သွားပြီး :
"ကျွန်မ အိပ်ချင်နေပြီ.. အရမ်းအေးတာပဲ"
"မင်း..."
"သမီးလေး မင်းရဲ့လက်မှတ်တွေ..."
သူတို့တွေ ငြင်းဆန်စကားပြောချင်နေသေးသော်လည်း သူမက သူမနေထိုင်တဲ့အိမ်ထဲကိုပြေးဝင်သွားပြီး တံခါးကိုပါ ပိတ်ချလိုက်ပြီ။
မိသားစုသုံးယောက်ကတော့ လရောင်အောက်မှာ လက်မှတ်နှစ်စောင်ကိုကိုင်ရင်း ကျန်နေခဲ့ကြရတယ်။ ခဏလောက်ကြာတော့ အဖေလင်းက:
"မနက်ဖြန် မနက်ကျမှ ပြောကြရအောင်"
လင်းချွမ် ခေါင်းညိတ်ပြီး သူ့ရဲ့အခန်းဆီမှာ ပြန်အိပ်ဖို့ဝင်သွားလိုက်တယ်။
သူအိပ်ယာပေါ်မှာ လှဲချပြီးတာနဲ့ လင်းဟိုင်က အိပ်ချင်မူးတူးနဲ့မေးလာတယ်။
"အစ်ကိုကြီး ဘာကိစ္စရှိလို့လဲ"
"အိပ်တော့ ဘာလို့စကားတွေပြောနေသေးတာလဲ"
YOU ARE READING
ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း
Fantasía_beautifulfemalelead _business _fantasy _femaleprotagonist _handsome Malelead _military _pregnancy _space _teachers