(2)စာအုပ်ထဲမှ အမျိုးသား

1.2K 180 3
                                    

(2)စာအုပ်ထဲမှ အမျိုးသား

ဒဏ်ရာတွေ၊ ကြောက်ရွံ့မှုတွေနှင့် ရှေးခေတ်ဆီသို့ ကူးပြောင်းသွားရတဲ့အပေါ် သက်ရောက်မှုများကြောင့် ဆုဆုတစ်ယောက် သည်းမခံနိုင်တော့ဘဲ အမှောင်ထုထဲသို့ သတိလစ်မေ့မျောသွားရတော့တယ်။

လင်းချွမ်သည်တော့ သူ့ရဲ့ လည်ပင်းဆီကို တစ်ဖက်လူရဲ့ခေါင်းက ငိုက်စိုက်ကျလာတာကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တောင့်တင်းသွားရလေတော့တယ်။ သူရဲ့အသက်က ယခုနှစ်မှာ(25)နှစ်ရှိပြီဖြစ်ပေမဲ့ ဒီအသက်အရွယ်အထိ ဆန့်ကျင်ဘက် မိန်းကလေးတစ်ယောက်နဲ့ ရင်းရင်းနီးနီးထိတွေ့ဆက်ဆံဖူးတာက အခုတစ်ကြိမ်မှာ ပထမဆုံးပဲ။

သို့ပေမဲ့ အခုလိုအချိန်မျိုးမှာတော့ သူ့ဆီမှာ တခြားသောအတွေးတွေ မတွေးနိုင်ပါဘူး။

မင်းမှာသာ အရည်အချင်းရှိရင် တောင်ပေါ်ကနေ မြန်မြန်ဆင်းနိုင်ဖို့လုပ်သင့်တယ်!

ဒီနေ့မှာ သူ အိမ်ကို စောစောပြန်ရောက်နိုင်ဖို့အတွက် ဖြတ်လမ်းကသွားဖို့ ဆုံးဖြတ်ခဲ့တာ။ ဒါပေမဲ့ ဒီတောင်ပေါ်မှာ ဘယ်လောက်ထိအန္တရာယ်များလဲဆိုတာကို တောင်ရဲ့အနီးတဝိုက်မှာ နေထိုင်တဲ့လူတွေပဲ သေသေချာချာနားလည်နိုင်လိမ့်မယ်။

ညဘက်တွေမှာ ဝံပုလွေတွေထွက်လာတတ်ရုံတင်မကဘဲ ဝက်ဝံတွေလည်း ရှိနေတတ်သေးတယ်။ သူသာ ထိုသားရဲတွေနဲ့တွေ့မယ်ဆိုရင် ရှောင်ထွက်သွားဖို့အတွက် ခက်ခဲသွားလိမ့်မယ်။ သူ့ရဲ့နောက်ကျောမှာ အနည်းငယ်ထူးဆန်းပေမဲ့ သိမ်မွေ့တဲ့ ဝတ်စုံဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက်ကိုပါ ချီထားတာတာကိုတော့ ထည့်မပြောနဲ့ဦး။

သို့ပေမဲ့ လင်းချွမ်ဆိုတာက ဒီဒေသတစ်ခုလုံးမှာရှိနေတဲ့ ထိပ်တန်းစစ်သားတစ်ယောက်ပဲ။ သူက တစ်စုံတစ်ယောက်ကို သူ့ရဲ့နောက်ကျောမှာပိုးထားရင်တောင် ရွာအစွန်နားအထိ အလျှင်အမြန်ရောက်ရှိလာတယ်။

သူက ဒီမိန်းကလေးကို ကယ်တင်ဖို့အတွက် သူ့ရဲ့နောက်ကျောမှာ တင်ထားခဲ့ပေမဲ့ ရွာထဲကိုဝင်တော့မဲ့အချိန်မှာတော့ သူတို့နှစ်ယောက်လုံးရဲ့ ဂုဏ်သတင်းကို ထိမ်းသိမ်းဖို့ရန်အတွက် အခြေအနေတွေကို လှည့်ပတ်စစ်ဆေးခဲ့ကာ ဘယ်သူမှမရှိတာကိုတွေ့မှ ရွာအစွန်မှာရှိနေတဲ့ အိမ်ဆီကို အပြေးအလွှားဝင်သွားခဲ့တယ်။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now