22: လက်ထပ်ပွဲ ဆက်လုပ်မယ်

1K 228 19
                                    

22: လက်ထပ်ပွဲ ဆက်လုပ်မယ်

Unicode

ဇာတ်လိုက်မက မျက်နှာကို ဖုံးအုပ်ပြီး ငိုကျွေးလာပြန်တယ်။

လင်းတုံဟဲကတော့ စိတ်ပျက်လက်ပျက်အမူအယာနဲ့ လှမ်းပြောလာခဲ့တယ်။

"အဲဒါကို  ပေးလိုက်"

ဦးလေးလင်းက သံကနေ သံမဏိမဖြစ်လာတဲ့အပေါ်မှာ အလွန် မုန်းတီးနေခဲ့ပြီး သူ့ကို လှမ်းကန်ကာ ပြောလာတယ်။

“မင်းနဲ့ထိုက်တန်တယ်..  မင်း ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အသိတရားမရှိရတာလဲ? အရင်နှစ်တွေတုန်းက မင်းအေးခဲနေရတဲ့အချိန်တွေမှာ မင်းရဲ့ဝမ်းကွဲအစ်ကို စစ်တပ်ထဲကနေ မင်းအတွက် အထောက်အပံ့တွေ လှမ်းပို့ပေးခဲ့တာ မဟုတ်ဘူးလား..  မင်းရဲ့ ဒုတိယဦးလေးတို့မိသားစုက မင်းကို ကပ္ပတိန်ဖြစ်လာအောင် ကူညီပေးခဲ့တဲ့သူတွေလေ..  မင်း ဘာကိုမှ ဂရုမစိုက်တော့ဘူးလား"

ထိုအချိန်မှာ အဖေလင်းက ရုတ်တရက် ထအော်ပြောလာတယ်။

"ကောင်းပြီ၊ သွားကြတော့"

ချင်ယွဲ့ယွဲ့ကတော့ အခုချိန်မှာ ကြောက်ရွံ့နေခဲ့ပြီ။ သူမက အကန်ခံထားရလို့မြေပြင်မှာလဲနေတဲ့ လင်းတုံဟဲကို လှမ်းကြည့်ပြီးနောက် လင်းချွမ်ကို ရုတ်တရက် လှမ်းကြည့်လိုက်ပြီး သူ့ရဲ့ဘေးကို ပြေးသွားခဲ့တယ်။

"အစ်ကိုချွမ်ဇီ..."

လင်းချွမ်က ခန်ပေါ်မှလူကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် နောက်သို့ ခြေလှမ်းကြီးနဲ့ ဆုတ်သွားခဲ့တယ်။

"ငါ့ရဲ့ နာမည်ကိုပဲခေါ်ပါ"

"လင်းချွမ် ကျွန်မတို့ ဒီကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းလို့ရမလား"

"မင်း  ဘာတွေထပ်လိုချင်သေးတာလဲ"

"ကျွန်မပြောချင်တာက လက်ထပ်ပွဲကိုဖျက်သိမ်းတာကို လူတိုင်းမရယ်ရအောင်လို့ နောက်နှစ်ကျွန်မ ကောလိပ်တက်ဖို့ ထွက်သွားတဲ့အချိန်ထိ စောင့်လို့ရမလား"

လင်းချွမ်ရဲ့အံ့အားတကြီးအကြည့်အောက်မှာပဲ ဆုဆုက ထပြောလာတယ်။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now