14: အသံဖမ်းဘောပင်
ဆန့်ကျင်ဘက်မှာရှိနေတဲ့လူက အလွန်လေးနက်ပြီး စိတ်အားထက်သန်ပုံလည်းပေါ်နေကာ သူ့ရဲ့မျက်လုံးတွေကလည်း ပုံမှန်ထက် အနည်းငယ်ကွာခြားပုံရပြီးမျက်လုံးတွေရဲ့ထောင့်စွန်းမှာ အနည်းငယ်နီရဲနေခဲ့တယ်။
ဘာတွေ ဖြစ်နေတာလဲ။ ဒီဘက်ခေတ်ကိုရောက်မှ သူမဆီမှာ ဒီလိုမျိုး အိုင်ဒေါဒရာမာထဲကဇာတ်ဝင်ခန်းလိုမျိုး လာဖြစ်နေရတာလဲ။ အရေးကြီးဆုံးက သူမရဲ့နှလုံးခုန်သံတွေက ပုံမှန်ထက် နည်းနည်းလောက်ပိုမြန်နေတယ်လို့ ဘာကြောင့်ခံစားမိနေရတာလဲ?
ကံကောင်းထောက်မစွာနဲ့ပဲ သူမရဲ့ နှလုံးခုန်နှုန်းတွေ အရမ်းမြန်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာတဲ့အချိန်မှာပဲ လင်းချူအန်းက ရုတ်တရက် သူမကို တွန်းထုတ်လာကာ အနောက်ကိုပြန်မကြည့်ပဲ လှည့်ထွက်သွားလေတော့တယ်။
သို့ပေမဲ့လည်း ဆုဆုကတော့ သူမ နားမလည်နိုင်လောက်အောင် ချိုမြိန်ပုံရတဲ့ အချစ်ရဲ့ အမြီးပိုင်းကို တို့ထိမိလိုက်မိသလိုမျိုး ခံစားလိုက်တယ်။
အဟွတ်။ ဘာပဲဖြစ်ဖြစ် ဇာတ်လိုက်မက သူ့ကို မကြိုက်သလို သူ့ကို လိုလည်း မလိုချင်ဘူးလေ။ ဘာလို့ သူ့ကိုလိုက်ဖို့ မကြိုးစားနိုင်ရမှာလဲ။
မဟုတ်သေးဘူး။ သူတို့ဆီမှာ လက်ထပ်ဖို့ ကတိတစ်ခုရှိနေသေးပြီး သူ့ကို ပွင့်ပွင့်လင်းလင်းနဲ့ ပေါ်ပေါ်ထင်ထင်လိုက်ဖို့ဆိုတာက ပြသနာ အနည်းငယ် ရှိနေလိမ့်မယ်။
ဒါမှမဟုတ် တိတ်တိတ်လေး လိုက်ရင်ရော?
ဒါပေမယ့် ပထမဆုံးအနေနဲ့ ထိုအမျိုးသားက ဇာတ်လိုက်မကို ကြိုက်နေတာလား ဆိုတာကိုသိအောင်လုပ်ရဦးမယ်။ တကယ်လို့ သူက ဇာတ်လိုက်မကို အချစ်စစ်နဲ့ ချစ်နေတာဆိုရင်တော့ ဒါကို မေ့လိုက်ကြတာပေါ့။
သူမသည် ထိုနေရာမှာ ရပ်ကာ အချိန်အတော်ကြာအောင် ရုန်းကန်နေခဲ့ရပြီး နောက်ဆုံးမှာတော့ ထိုအမျိုးသားရဲ့စိတ်ကို အရင်သိအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူမ ခြေလှမ်းအနည်းငယ်သွားပြီးချိန်မှာပဲ ရင်းနှီးတဲ့ လူနှစ်ယောက်ကို မြင်လိုက်ရတယ်။ သူတို့ကိုကြည့်ရတာ တောင်တွေရှိတဲ့နေရာဆီကို ဦးတည်နေတဲ့ပုံပဲ။ ထိုဘက်မှာ လူတွေ အတော်လေးနည်းပါးပေမဲ့ စိတ်ကူးယဥ်စရာကောင်းတဲ့ နေရာတော့မဟုတ်ဘူး။
YOU ARE READING
ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း
Fantasy_beautifulfemalelead _business _fantasy _femaleprotagonist _handsome Malelead _military _pregnancy _space _teachers