27: မှန်ကန်တဲ့ အမျိုးသား

935 163 2
                                    

27: မှန်ကန်တဲ့ အမျိုးသား

လင်းဟိုင်တို့ညီအကို သုံးယောက်က ဘာမှ ပြောမလာခဲ့ကြပေမဲ့ အငယ်ဆုံးညီလေးလင်းကျင်းက မျက်မှောင်ကြုတ်လာခဲ့တယ်။ သူအရင်တုန်းက ဆုဆုကျွေးတဲ့ ကိတ်မုန့်ကို မစားခဲ့ပေမယ့် အခုတော့စားပြီးသွားပြီ။ သူတို့တွေက အခု မိသားစုဝင်တွေဖြစ်သွားပြီလို့ ပြောတဲ့အတွက် သူစားရင်တောင် အရေးမကြီးတော့ဘူး။

ကိတ်မုန့်က အရမ်းအရသာရှိတယ်။ ဒါကြောင့် သူ ဒီမရီးအသစ်ဘက်က ရပ်တည်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကလေးတွေရဲ့စိတ်သဘောထားက ရိုးရှင်းလွန်းတယ်။ သူတို့ကို ဘယ်သူပဲအစားအသောက်တွေကျွေးမွေးပါစေ ထိုပေးတဲ့သူက လူကောင်းပဲ။ နောက်ပြီး ဒီချင်ယွဲ့ယွဲ့က သူတို့ကို ဟိုးအစကနေအဆုံးထိ အရသာရှိတဲ့ အစားအစာကို တစ်ကြိမ်တစ်ခါလေးတောင်မှ မပေးခဲ့ဖူးဘူး။

ချင်ယွဲ့ယွဲ့က အနည်းငယ်ရှက်သွားပြီး ပြောလာတယ်။

"တကယ်တော့ ငါနင့်ကို မိန်းကလေးအချင်းချင်း စကားနည်းနည်းလောက် ပြောချင်လို့..  သူတို့သုံးယောက်ဒီမှာရှိနေတော့ ပြောဖို့သိပ်မသင့်တော်လို့လေ.. ငါတို့ခဏလောက် လမ်းလျှောက်ထွက်ရအောင်"

ဆုဆု လင်းမိသားစုရဲ့ ညီအကိုသုံးယောက်ကို လှမ်းကြည့်လိုက်တယ်။ သူတို့သုံးယာက်က သက်တော်စောင့်သုံးယောက်လိုမျိုး သူမရဲ့နောက်မှာ ရပ်နေခဲ့ကြတယ်လေ။ သူမ မတတ်နိုင်ဘဲ ရယ်မောလိုက်မိတယ်။

"မလိုဘူး သူတို့သုံးယောက်က အပြင်လူတွေ မဟုတ်ဘူး"

သူတို့ သိသင့်တာတွေအားလုံးကို သိရသင့်တယ်။ အမေလင်းဆီကိုလည်း သူမအတွက် ဖုံးကွယ်နေစရာမလိုဘူး။ ဇာတ်လိုက်မက သူမနှင့် လင်းတုံဟဲကြားက ဒွိဟဖြစ်စရာကိစ္စတွေကို ပြောချင်နေမှာ မဟုတ်ဘူးဆိုရင် တခြားလူတွေက လင်းချွမ်ရဲ့ညီတွေဖြစ်လို့ နားထောင်လို့ ဘာမှဖြစ်မှာမဟုတ်ဘူး။

ချင်ယွဲ့ယွဲ့ မျက်နှာကြုတ်လိုက်ပြီး ပြောလာတယ်။

"တကယ်တော့ ငါက အနာဂတ်မှာ လူတိုင်းနဲ့ဆွေမျိုးတွေ ဆက်ပြီးဖြစ်ချင်ရုံလေးပါ.. အရင်တုန်းကဖြစ်ခဲ့တာတွေကို မေ့လိုက်လို့ရမလား"

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now