17: ဖလစ်ခြင်း
သူ ဘာကို လိုချင်နေတာလဲ ?
လင်းချွမ်က အနည်းငယ်အတွေးလွန်နေခဲ့ပြီး ခေါင်းကို မော့ထားခဲ့တယ်။
ဆုဆုရဲ့ အမြင်ရှုထောင့်ဘက်ကနေဆိုရင်တော့ သူက အတော်လေး မသင့်တော်တဲ့အရာကို တွေးနေတာပဲဖြစ်ရမယ်။ သူ့ရဲ့လည်ပင်းက အနီရောင်မာဖလာပတ်ထားသလိုမျိုး နီရဲနေခဲ့ပြီလေ။
"အခုတော့ လိမ်လိမ်မာမာလေးနေဦး.. နောက် ခဏလောက်စောင့်ပြီးရင် .. ရှင် လုပ်ချင်တာမှန်သမျှကို လုပ်လို့ရပြီ"
သူ့မျက်နှာက ဘာအမူအရာမှမရှိပေမဲ့ သေးငယ်တဲ့တုံ့ပြန်မှုလေးတွေကို မြင်ရတာက စိတ်ဝင်စားစရာကောင်းတယ်။
လင်းချွမ် ဆုဆုကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်မိပေမဲ့ သူမရဲ့ မျက်နှာလေးက အလွန် အပြစ်ကင်းစင်နေပုံရပြီး အထွေအထူး အဓိပ္ပါယ်ဖော်ဆောင်ထားတာမျိုး မရှိဘူးလို့ ထင်စေရတယ်။ သူအတွေးလွန်နေတာပဲ။ သူကပဲ အတွေးလွန်နေတာဖြစ်ရမယ်။
"ငါ..."
" နင်တို့ ဘာလုပ်နေကြတာလဲ?"
ရုတ်တရက်ထွက်ပေါ်လာတဲ့ အသံတစ်ခုက သူတို့နှစ်ယောက်အပေါ် ရေအေးနဲ့လောင်းချလိုက်သလိုမျိုး စိတ်ကိုတုန်ယင်သွားစေပြီး မသိစိတ်အရ အချင်းချင်း ခွာလိုက်မိကြတယ်။
ဆုဆု အနောက်ကို ပြန်လှည့်ကြည့်လိုက်တော့ ဇာတ်လိုက်မကို မြင်လိုက်ရတာကြောင့် ချက်ချင်းပြုံးပြီး :
"ချွမ်ကော ဒဏ်ရာရနေလို့လေ.. ငါ သူ့ရဲ့ ဒဏ်ရာကို ကူပြီးသုတ်ပေးနေတာ"
"တကယ်လား?"
အရမ်းနီးကပ်လွန်းမနေဘူးလား?
ချင်ယွဲ့ယွဲ့က ဘယ်နဲ့ညာကိုကြည့်လိုက်ပြီး သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိနေတယ်လို့ အမြဲတစေခံစားနေမိသော်လည်း မသေချာနိုင်ဘူးဖြစ်နေခဲ့တယ်။ တကယ်လို့ ဒီနှစ်ယောက်သာ တကယ်ကြီးချစ်ကြိုက်သွားမယ်ဆိုရင် သူမ အခွင့်ကောင်းယူလို့ ရနိုင်လောက်မလား။ သူမအနေနဲ့ ဒီလက်ထပ်ပွဲကို ဖျက်သိမ်းနိုင်လိုက်ရုံသာမကဘဲ လင်းမိသားစုကိုလည်း သူမဆီမှာ အကြွေးတင်သွားအောင် လုပ်လိုက်နိုင်လိမ့်မယ်။
YOU ARE READING
ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း
Fantasy_beautifulfemalelead _business _fantasy _femaleprotagonist _handsome Malelead _military _pregnancy _space _teachers