18: အကြီးစားဒရမ်မာ

573 83 3
                                    

18: အကြီးစားဒရမ်မာ

သူက အနည်းငယ် စိတ်ပျက်လက်ပျက်နိုင်စွာနဲ့ လက်ကို အောက်သို့ပြန်ချလိုက်တယ်။

လင်းတုံဟဲကတော့ သူ့ကို စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေတယ်။

"မင်း ရဲဘော်ချင်နဲ့ လက်ထပ်ပွဲကို သဘောမတူဘူးလား.. သဘောမတူဘူးဆိုရင်လည်း ပြောလိုက်ပါလား"

လင်းချွမ်က ဘာမှပြန်မပြောလာပေမဲ့ သူ့ရဲ့မျက်လုံးတွေကတော့ အနည်းငယ် ဗလာဖြစ်နေခဲ့တယ်။

"အခုအချိန်က မိဘတွေကိုလည်း ဂါရဝပြုရသေးတာမှမဟုတ်တာ ..ဒီတော့ လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်မယ်ဆိုရင် ဘယ်လိုလဲ"

"လက်ထပ်ပွဲကို  ဖျက်သိမ်းဖို့လား?"

လင်းချွမ်က လင်းတုံဟဲကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောလာတယ်။

"ကောင်းသားပဲ"

အခုချိန်မှာ သူက အတော်လေးမူးနေပြီဖြစ်တဲ့အတွက် သူ့ရဲ့အတွေးတွေထဲမှ အရှုတ်အထွေးတွေကလည်း အတော်လေး တဲ့တိုးဆန်ကာ တိုက်ရိုက်သို့ရောက်သွားခဲ့တယ်။ သူ အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ ဦးလေးတွေပြန်သွားရင် သူ့ရဲ့မိသားစုဝင်တွေကို ထိုအကြောင်းကိုပြောဖို့ စိတ်ကူးတစ်ခုရသွားခဲ့တယ်။

ချင်ယွဲ့ယွဲ့နဲ့ လက်ထပ်ပွဲကို ဖျက်ဖို့က အတော်လေးခက်ခဲတယ်ဆိုပေမဲ့ သူ  သူမကို ညီမအဖြစ် အသိအမှတ်ပြုပေးလို့ ရနိုင်တာပဲ။ နောင်ပိုင်းမှာ သူက သူမရဲ့ကောလိပ်ပညာရေးအတွက် အခကြေးငွေကိုပေးဆပ်ရလိမ့်မယ်။ သူက သူမအပေါ် အပြစ်ပြုမိခဲ့တာပဲလေ။

မူလက သူ တုံ့ဆိုင်းနေခဲ့တယ်ဆိုတာက  ယောက်ျားနှင့်မိန်းမ လက်ထပ်တယ်ဆိုတာက ဒီအတိုင်း အတူအသက်ဆက်ရှင်သွားရုံလောက်ပဲလို့ သူတွေးထားခဲ့မိလို့ပဲ။ သို့သော်လည်း သူ့ရဲ့နှလုံးသားထဲမှ တစ်စုံတစ်ခုက ထိုးထွက်လာချိန်မှာ  ယောက်ျားနှင့်မိန်းမကြား ပေါင်းသင်းဆက်ဆံဖို့က ထိုမျှလောက်မရိုးရှင်းကြောင်းကို ရုတ်တရက် နားလည်သွားစေခဲ့တယ်။

အိမ်ထောင်ကွဲပြီးနောက်မှာ သူမက သူနှင့် အတူရှိသွားဖို့ကို သဘောတူလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။  သူတို့ရဲ့ကြားက အဆင့်အတန်းချင်းက ကွာခြားလွန်းတယ်။ ပညာအရည်အချင်းမြင့်မားတဲ့ ကောလိပ်ကျောင်းသူတစ်ဦးက အနာဂတ်မှာ အလွန်ကောင်းမွန်တဲ့ အလုပ်တစ်ခုရရှိမယ်ဆိုတာ အသေအချာပဲ။

ကံမကောင်းတဲ့ အမျိုးသားအရံဇာတ်ကောင်ကို လက်ထပ်ဖို့ ၇၀ခုနှစ်သို့ ပြန်သွားခြင်း  Where stories live. Discover now